မြန်မာ နဲ့ အိန္ဒိယကြား နိုင်ငံတကာ အဝင် အထွက် စစ်ဆေးရေးဂိတ်တွေ ဒီနေ့ သြဂုတ်လ ၈ ရက်နေ့မှာ စတင် ဖွင့်လှစ်လိုက်ပါြ့ပီ။
စစ်ကိုင်းတိုင်း နဲ့ မဏိပူ ပြည်နယ်ကြား တမူး - မိုးရေး နယ်စပ်၊ ချင်း ပြည်နယ် နဲ့ မီဇိုရမ် ပြည်နယ်ကြား ရိဒ်ခေါဒါရ် - ဇိုခေါသာ နယ်စပ်တွေမှာ အဝင် အထွက် စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်လိုက်တာပါ။
ဒါကြောင့် နိုင်ငံကူးလက်မှတ် နဲ့ ပြည်ဝင်ခွင့်ဗီဇာ ကိုင်ဆောင်ထားတဲ့ နှစ်နိုင်ငံ ပြည်သူတွေဟာ နယ်စပ်ဂိတ် တွေက တဆင့် အလည်အပတ်၊ စီးပွားရေး၊ ပညာရေး စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ဝင်ထွက်သွားလာနိုင်ပြီ ဖြစ်ပါတယ်။
နယ်စပ်ဂိတ်တွေဖွင့်လိုက်တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ဗစ်ခရမ် မီဆရီ က - သြဂုတ်လ ၈ ရက် ဟာ မြန်မာ့သမိုင်းမှာ အရေးကြီးတဲ့ ရက်စွဲတခုဖြစ်ခဲ့သလို၊ အခုလည်း အိန္ဒိယ မြန်မာ အပြန်အလှန်ဆက်ဆံရေးသမိုင်းမှာ အရေးပါတဲ့နေ့စွဲ တခုဖြစ်သွားပါပြီ လို့ ပြောကားခဲ့ပါတယ်။
အခုလို မြန်မာ နဲ့ အိန္ဒိယကြား နိုင်ငံတကာ အဝင် အထွက် စစ်ဆေးရေးဂိတ်တွေ မဖွင့်လှစ်ခင်မှာ အိန္ဒိယ ဘက်ခြမ်း မိုးရေးမြို့ ဝန်းကျင်က တချို့နေရာတွေမှာ မငြိမ်မသက်မှုတွေပေါ်ပေါက်နေပြိး၊ နှစ်နိုင်ငံ နယ်ခြား မှတ်တိုင်တခုကို အိန္ဒိယပိုင်နယ်မြေအတွင်း ပြောင်းရွှေ့ထားတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်နေလို့ နှစ်နိုင်ငံ ပူးတွဲ စစ်ဆေးခဲ့ကြပြီးတဲ့နောက် ပြဿနာ ပြေလည်သွားခဲ့တယ်လို့ ဟင်ဒူစတန် တိုင်း သတင်းစာ က ဖေါ်ပြပါတယ်။