အိန္ဒိယက မြန်မာကို လက်နက်တွေ ပိုပြီးပို့နေ

မြန်မာနိုင်ငံနဲ့ အနီးကပ်ဆက်ဆံမှုတွေ လုပ်ဖို့ အိန္ဒိယနိုင်ငံအနေနဲ့ လက်နက်များပိုမိုတင်ပို့ပြီး နီးစပ်မှုကို ရယူနေတယ်လို့ နယူးဒေလီ ကလာတဲ့သတင်းတွေမှာ ဖေါ်ပြ ပါတယ်။

မြန်မာနိုင်ငံနဲ့ အနီးကပ်ဆက်ဆံမှုတွေ လုပ်ဖို့ အိန္ဒိယနိုင်ငံအနေနဲ့ လက်နက်များပိုမိုတင်ပို့ပြီး နီးစပ်မှုကို ရယူနေတယ်လို့ နယူးဒေလီ ကလာတဲ့သတင်းတွေမှာ ဖေါ်ပြပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ဒေသတွင်း သြဇာအာဏာဖြန့်ကျက်မှုဗြူဟာကို တန်ပြန်ဆောင်ရွက်တာမျိုးဖြစ်တယ်လို့ဆိုပါတယ်။

အိန္ဒိယအနေနဲ့ မြန်မာကို ရော့ကက်လောင်ချာများ၊ မော်တာ၊ မောင်းပြန်ရိုင်ဖယ်၊ရေဒါ၊ ညကြည့်ကရိယာများ၊ ဘယ်လီတံတားများ၊ ဂြိုလ်တု ဆက်သွယ်ရေးကိရိယာများ၊ဆောက်လုပ်ရေးအသုံးအဆောင်များ စတဲ့မြန်မာစစ်တပ်အတွက်ပစ္စည်းများတင်ပို့ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံမှ တန်ဘိုးဒေါ်လာ ၃၈ သန်းကျော်ဖိုး တိုပီတိုအပါအဝင်ရေတပ်အသုံးအဆောင်တွေ ထုတ်လုပ်ပေးဖို့ ပါဝင်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org