ဗြိတိန် နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့တွေ့ဆုံမှုမှာ မြန်မာကိုလက်နက်ရောင်းချမှုအကြောင်း မဆွေးနွေး

ဗြိတိန် ဝန်ကြီးချုပ် ရီရှီ ဆူနက် ဟာ အခုလ အစောပိုင်းက G20 ထိပ်သီးညီလာခံအတွင်းမှာ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနဲ့ တွေ့ဆုံခဲ့ရာမှာ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုအကြောင်း ထည့်သွင်းမပြောဆိုခဲ့ဘူးလို့ Burma Campaign UK အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၃ ခုနစ် စက်တင်ဘာ ၉ ရက်နေ့တွင် ကျင်းပသည့် G20 ထိပ်သီးညီလာခံပြင်ပတွင် ဗြိတိန် ဝန်ကြီးချုပ် ရီရှီ ဆူနက်နှင့် အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီတို့ သီးသန့်တွေ့ဆုံဆွေးနွေးစဉ်။ REUTERS

ဗြိတိန် ဝန်ကြီးချုပ် ရီရှီ ဆူနက် ဟာ အခုလ အစောပိုင်းက G20 ထိပ်သီးညီလာခံအတွင်းမှာ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနဲ့ တွေ့ဆုံခဲ့ရာမှာ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုအကြောင်း ထည့်သွင်းမပြောဆိုခဲ့ဘူးလို့ Burma Campaign UK အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဗြိတိန်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နှစ်ဦး တွေ့ဆုံရာမှာ၊ ပညာရေး၊ သုတေသန၊ ကာကွယ်ရေးနဲ့ ကုန်သွယ်ရေး ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးသွားပေမဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုအကြောင်း ဆွေးနွေးပြောဆိုသွားတာ မရှိတဲ့ အကြောင်း၊ Burma Campaign UK အနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတဲ့ နိုင်ငံတွေကို ဖိအားပေးရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယ နိုင်ငံဟာ တရုတ်၊ ရုရှား၊ စင်ကာပူတို့နဲ့အတူ မြန်မာစစ်တပ်ကို လက်နက်အများဆုံး ရောင်းချနေတဲ့ နိုင်ငံဖြစ်တယ်လို့ Burma Campaign UK က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org