နယ်စပ်မှာ စစ်တပ်တိုးချဖို့ ဝန်ကြီးချုပ်ကို တိုက်တွန်း
2012.05.20

အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟာစင်းဟာ အခုလ နောက်ဆုံးပတ်မှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အလည်အပတ် သွားရောက်မှာဖြစ်ပြီး ဝန်ကြီးချုပ်အနေနဲ့ မြန်မာပြည်ကို မသွားခင်
အိန္ဒိယ-မြန်မာနယ်စပ် အခြေအနေတွေ လေ့လာဖို့ သူ့ရဲ့အကြံပေးပုဂ္ဂိုလ် TK Nair ဟာ မေလ ၁၈ ရက်နေ့က မီဇိုရမ်ပြည်နယ်ကို ရောက်ရှိလာတဲ့အချိန်မှာ မီဇိုရမ် ဝန်ကြီးချုပ်
ပူးလာလ်ထန်ဟောလ်က တိုက်တွန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မီဇိုရမ်ကုန်သွယ်ရေး ဝန်ကြီး ပူးလာလ်ရင့်လျန်နာကို မေးကြည့်တော့ အဓိက ကတော့ အိန္ဒိယအရှေ့မြောက်ဒေသမှာ သူပုန်အမျိုးမျိုး ရှိနေတာကြောင့် နယ်စပ်မှာ တပ်တွေတိုးချဖို့
ပြောဆိုတာ ဖြစ်နိုင်ပါတယ် လို့ ပြောပါတယ်။
အိန္ဒိယ နဲ့ မြန်မာ အစိုးရတို့ရဲ့ သဘောတူညီချက်အရ နှစ်နိုင်ငံသားတွေဟာ နယ်စပ်ကနေ ၁၆ ကီလိုမီတာအတွင်း အပြန်အလှန် ဝင်ထွက်သွားလာခွင့် ပြုထားတာဖြစ်ပြီး
အခုလို အလွယ်တကူ သွားလာခွင့်ပြုတာကြောင့် လက်နက်နဲ့ မူးယစ်ဆေးဝါး တင်သွင်းမှုတွေ များလာတာ ဖြစ်တယ်လို့လည်း ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ထန်ဟောလ်က ပြောပါတယ်။
မီဇိုရမ်နဲ့ ချင်းပြည်နယ် နယ်စပ်တလျှောက်ဟာ ကီလိုမီတာ ၄၀၀ ကျော် ရှည်လျားပြီး မြန်မာဘက်ကနေ ဝင်လာတဲ့ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေကို မီဇိုရမ်အာဏာပိုင်တွေက မကြာခဏ ဖမ်းလေ့ရှိပါတယ်။