ချင်းမိုင်မြို့မှာ ပထမဆုံး တရားဝင် လွတ်လပ်ရေးနေ့ ကျင်းပပြုလုပ်
2016.01.04

၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Empress Hotel မှာလဲ ချင်းမိုင်မြန်မာကောင်စစ်ဝန်ရုံးချူပ်က ဦးစီးပြီး မနေ့ညနေပိုင်း က ကျင်းပခဲ့ပါတယ်။
ဒီ လွတ်လပ်ရေးနေ့ အခမ်းအနားဟာ ချင်းမိုင်မြို့မှာ ပထမဦးဆုံးအကြိမ် ကျင်းပ တာဖြစ်ပြီး အခမ်းအနားမှာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာစီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုပူးပေါင်းဆောင် ရွက်သွားဖို့နဲ့ မြန်မာနိုင်ငံအနေနဲ့လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို မြန်မာကောင်စစ်ဝန် ဦးကောင်းစံလွင် က ပြောသွားပါတယ်။
"အဓိကတော့ ကျနော်တို့က ထိုင်းနဲ့ မြန်မာနဲ့က ကျနော်တို့ နဂိုတည်းကပေါ့နော် ရှေးယခင်တည်းက ပူးပေါင်းဆောင်ရွက်ပြီးတော့ နယ်နမိတ်ချင်းလည်း ထိစပ်နေတယ် ပူးပေါင်းပြီးလည်း နေလာတယ် နောက် စီးပွားရေး ရင်းနှီးမြုှပ်နှံမှုတွေမှာလည်း ထိုင်းနိုင်ငံက ကျနော်တို့ ဒုတိယ ရင်းနှီးမြုှပ်နှံမှု အများဆုံး လိုက်နေပါတယ်၊ ထပ်ပြီးတော့လည်း အခု ကျနော်တို့ မြန်မာပြည်မှာ ခုနက ကျနော်ပြောခဲ့သလို လုပ်နေတဲ့ ထားဝယ် အထူးစီးပွားရေးဇုန်မှာဆိုရင် ဒါ ထိုင်းရယ် ဂျပန်ရယ် ကျနော်တို့ မြန်မာရယ် ပူးပေါင်းပြီးတော့ အားလုံးပေါင်းပြီးတော့ ဒီထားဝယ်အထူးစီးပွားရေးဇုန် ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ် ဒါကြောင့်လည်း နောင်တချိန်မှာ ဒါ ထိုင်းကို ကျနော်တို့ကနေပြီးတော့ မြန်မာနိုင်ငံမှာ ယခင်ကလိုပဲ ထပ်ပြီးရင်းနှီးမြုှပ်နှံမှု တွေ ဆက်လာပါ ထိုင်းဟာ မြန်မာပြည်ရဲ့ အခု ဒုတိယနေရာကနေ ပထမ ရင်းနှီးမြုှပ်နှံမှု အများဆုံးနေရာကို ရောက်ရှိအောင်လို့ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ ကို ကျနော်ထည့်ပြီးတော့ ထည့်သွင်းပြောကြားခဲ့ပါတယ်"
အခုလို တိုက်တွန်းရတာဟာ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး နယ်နမိတ်ချင်းထိစပ်မှု အရှည်လျားဆုံး နိုင်ငံဖြစ်တဲ့အပြင် အာဆီယံနိုင်ငံတွေနဲ့ ဆက်စပ် ဖောက်လုပ်ထားတဲ့ အာရှလမ်းမတွေဟာလည်း ထိုင်းနိုင်ငံကတဆင့် ဝင်ထွက်သွားလာနေရတာဖြစ်ပြီး ပြီးခဲ့တဲ့၂၀၁၅ နှစ်ကုန်ပိုင်း ကစလို့ အာဆီယံစီးပွားရေးအသိုင်းအဝန်း ကိုဖွင့်လှစ်လိုက်ပြီး ဖြစ်တဲ့အတွက် စီးပွားရေးရင်းနှီးမြုှပ်နှံမုှတွေ ပိုမိုလုပ်ဆောင်လာနိုင်အောင် ရည်ရွယ်တိုက်တွန်း ရတာ ဖြစ်တယ်လို့ ဦးကောင်းစံလွင် က ဆက်ပြောပါတယ်။
အခမ်းအနားကို ချင်းမိုင်မြို့မှာအခြေစိုက်တဲ့ နိုင်ငံတကာ သံရုံး ၁၇ ရုံးက တာဝန်ရှိသူတွေ အပါအဝင် တရုတ်ကောင်စစ်ဝန်ချူပ်၊ ဂျပန်ကောင်စစ်ဝန်ချူပ်နဲ့ အမေရိကန် ကောင်စစ်ဝန်ရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး ချင်းမိုင်ခရိုင် အထွေထွေအုပ်ချူပ်ရေးမှူးနဲ့ မြို့နယ်တာဝန်ရှိသူတွေလဲ တက်ရောက်ခဲ့ကြ ပါတယ်။
လွတ်လပ်ရေးနေ့ အခမ်းအနားမှာ မြန်မာ့ရိုးရာအကတွေနဲ့ လာရောက်ဖျော်ဖြေ တင်ဆက်ခဲ့ကြတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေထဲက ကချင် တိုင်းရင်းသူ မဆိုင်းမိုင် က
"ကျမတို့ ကချင်တိုင်းရင်းသားအနေနဲ့ လာကခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာ ပါတယ် ပြီးလို့ရှိရင် ဒီကျမတို့ မြန်မာပြည်က အကြီးအကဲတွေနဲ့လည်း အတူတကွ ဒီလို တခါမှ မတွေ့ဖူးဘူးပေါ့နော် ဒီလိုတွေ့တော့ ကျမ မျက်ရည်ကျတဲ့အထိ ဝမ်းသာ ပါတယ်လို့၊ ငယ်ငယ်ကနေ ကျမ ကျောင်းပြီးတဲ့အထိ တခါမှ ဒီလိုအကြီးအကဲတွေနဲ့ အတူတကွ ပေါ်ပေါ်ထင်ထင် ဒီလို ကခွင့်မရဘူး အခု ဒီလိုခေါ်ဖိတ်တဲ့အတွက်လည်း အရမ်းကျေးဇူးတင်တယ် ပီတိလည်းဖြစ်မိပါတယ်" လို့ပြောသွားပါတယ်။