အရေးကြီးတဲ့ သတင်းများ ပံ့ပိုးပေးမယ့် နီတိ App ဖြန့်တော့မည်

မြန်မာနိုင်ငံက လူငယ်များအတွက် အရေး ကြီးတဲ့ သတင်း အချက်အလက်များကို ပံ့ပိုးပေးထားပြီး New Niti လို့ အမည်ပေးထားတဲ့ ခေတ်မီ အသိပညာပေးရေး App အပလီကေးရှင်းတစ်ခုကို မြန်မာ လူငယ်အဖွဲ့အစည်းတချို့နဲ့ လက်တွဲပူးပေါင်းပြီး မကြာ ခင်ဖြန့်ဝေပေးတော့မယ်လို့ One World ဆိုတဲ့ICT အဖွဲ့ က ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံက လူငယ်များအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်များကို ပံ့ပိုးပေးထားပြီး New Niti လို့ အမည်ပေးထားတဲ့  ခေတ်မီ အသိပညာပေးရေး App အပလီကေးရှင်းတစ်ခုကို   မြန်မာလူငယ်အဖွဲ့အစည်းတချို့နဲ့ လက်တွဲပူးပေါင်းပြီး မကြာခင်ဖြန့်ဝေပေးတော့မယ်လို့ One World ဆိုတဲ့ICT အဖွဲ့က ကြေညာလိုက်ပါတယ်။

အဲဒီ Niti App အပလီကေးရှင်းဟာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ အပလီကေးရှင်း တီထွင်တည်ထောင်သူတွေ၊ ကာတွန်းသရုပ်ဖော်ပညာရှင်တွေ၊ ဒီဂျစ်တယ်ဈေးကွက်ဆိုင်ရာနည်းဗျူဟာတွေ၊ ဇာတ်ညွှန်းရေးသူတွေနဲ့ လူငယ်တွေအမျာအပြား ပူးပေါင်း ပါဝင်ဖန်တီးထားတာဖြစ်ပါတယ်။

OneWorld အဖွဲ့ဟာ  တိုးတက်ကောင်းမွန်တဲ့ လူမှုအသိုင်းအဝန်းကို ခေတ်မှီနည်းပညာဖြင့် ဖွံ့ဖြိုးလာအောင်ဆောင် ရွက်နေတဲ့ ICT အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

ဒီ Niti အပလီကေးရှင်းစတင်ဖြန့်ချီရေးအခမ်းအနားကို  လာမယ့် အောက်တိုဘာလ ( ၁၇ ) ရက်နေ့၊ နေ့လည်ပိုင်း မှာ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီမှာ ကျင်းပပြီး တက်ရောက်လာသူတွေရဲ့ Android ဖုန်းတွေမှာ  အပလီကေးရှင်း ထည့်သွင်းပေးမယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org