ဟီလာရီ ကို မြန်မာ့အရေးအတွက် HRW က ကြိုဆို
2010.10.30

ဒါ့အပြင် သူ့ရဲ့ အာရှခရီးစဉ်၊ စက်မှုထိပ်သီးနိုင်ငံများ ညီလာခံနဲ့ EU- အမေရိကန် အစည်းအဝေးမှာ ဒီကိစ္စ ထောက်ခံမှုရအောင် ဖိဖိစီးစီး ပြောဆိုဖို့ ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်စုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာ ကော်မရှင်ဖွဲ့ပြီး စုံစမ်းရေးကိစ္စမှာ အမေရိကန်အနေနဲ့ ဦးဆောင်ဦးရွက် ပြုပြီး စတင် ပြောဆိုလာတာ တွေ့ရပြီလို့ HRW အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Kenneth Roth က ပြောပါတယ်။ ဒါ့အပြင် ဒီကိစ္စကို ထောက်ခံဖို့ စိတ်ဝင်စားတဲ့ တခြား နိုင်ငံတွေကလည်း စုံစမ်းရေးကော်မရှင် အကောင်အထည် ပေါ်လာအောင် အမေရိကန်နဲ့ လက်တွဲ ဆောင်ရွက်သင့်တယ်လို့ သူက ဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ ဥရောပသမဂ္ဂကို ပေးပို့တဲ့ HRW ရဲ့ စာမှာလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဆိုပြုထားတဲ့ စုံစမ်းရေးကော်မရှင် ကိစ္စကို EU က ထောက်ခံဖို့ တိုက်တွန်းထားပါတယ်။ လက်ရှိကာလအထိ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန် အပါအဝင် မြန်မာနိုင်ငံကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဝင်ရောက်စစ်ဆေးဖို့ ထောက်ခံထားတဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံ ရှိနေပါတယ်။