တပ်မတော်နေ့မှာ စစ်တပ်ကို ပစ်မှတ်ထား အရေးယူဖို့ HRW တိုက်တွန်း

မတ်လ ၂၇ ရက်နေ့မှာ ကျင်းပမယ့် စစ်ကောင်စီရဲ့ တပ်မတော်နေ့ဟာ မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ အကြမ်းဖက်ရက်စက်မှုတွေအပေါ် ပိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်နိုင်ဖို့ နိုင်ငံတကာ အစိုးရတွေအတွက် အခွင့်အလမ်းတစ်ရပ်ပဲလို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) အဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ကျင်းပသည့် (၇၆) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ တွေ့ရစဉ် ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မတ်လ ၂၇ ရက်နေ့မှာ ကျင်းပမယ့် စစ်ကောင်စီရဲ့ တပ်မတော်နေ့ဟာ မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ အကြမ်းဖက်ရက်စက်မှုတွေအပေါ် ပိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်နိုင်ဖို့ နိုင်ငံတကာ အစိုးရတွေအတွက် အခွင့်အလမ်းတစ်ရပ်ပဲလို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) အဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေ၊ စစ်တပ်က အဆင့်မြင့်အရာရှိတွေနဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေ အပေါ် စီးပွားရေးအရ ပြင်းထန်တဲ့ အရေးယူမှုတွေကို နိုင်ငံတကာအစိုးရတွေက လုပ်သင့်တယ်လို့လည်း Human Rights Watch အဖွဲ့က တိုက်တွန်းပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုတွေ တစ်ကမ္ဘာလုံးက ပိတ်ပင်ရေး အရေးပေါ်ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်သင့်တယ်၊ မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ ICC နိုင်ငံတကာတရားရုံးက ကိုင်တွယ်ဖို့ကိုပါ လုံခြုံရေးကောင်စီက တိုက်တွန်းသင့်တယ်လို့ Human Rights Watch အဖွဲ့က ဆိုပါတယ်။

ကိုယ့်ရဲ့ ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ မြန်မာစစ်တပ်ရဲ့ တပ်မတော်နေ့ အခမ်းအနားတွေကို နိုင်ငံတကာ အစိုးရတွေက ပါဝင်တက်ရောက်မယ့်အစား မြန်မာ စစ်ဗိုလ်တွေနဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေ ကို ပစ်မှတ်ထားပြီး အရေးယူ ဒဏ်ခတ် သင့်တယ်လို့ Human Rights Watch အဖွဲ့ရဲ့ သုတေသီ ဒေါ်မန်နီမောင်က တိုက်တွန်း ပါတယ်။

ပြီးခဲ့တဲ့နှစ် တပ်မတော်နေ့မတိုင်ခင် တစ်ရက်အလိုက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ မပါဝင်ဖို့ မြန်မာ့ရုပ်မြင်သံကြားက သတိပေး ကြေညာခဲ့ပါတယ်။ နောက်တစ်ရက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ချေမှုန်းမှုကြောင့် ဆန္ဒပြသူ ၁၆၃ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့လည်း Human Rights Watch အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org