ကုလ လူ့အခွင့်အရေးကောင်စီ မှာ မြန်မာပြည်ဆိုင်ရာ ဆုံးဖြတ် ချက်ချဖို့ HRW တိုက်တွန်း

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လာမယ့် (၃၄) ကြိမ်မြောက် ညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အချက် ၄ ချက်ပါဝင်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြဌာန်းဖို့ HRW လူ့အခွင့်အရေးစောင့် ကြည့်ရေးအဖွဲ့က သောကြာနေ့ မနေ့က တိုက်တွန်းလိုက် ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လာမယ့် (၃၄) ကြိမ်မြောက် ညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့
ပတ်သက်ပြီး အချက် ၄ ချက်ပါဝင်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြဌာန်းဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က သောကြာနေ့ မနေ့က တိုက်တွန်း လိုက်ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်မှာ ပါဝင်သင့်တဲ့ အချက်တွေအဖြစ် (၁) ကုလလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး
အထူးကိုယ်စားလှယ်သက်တမ်းကို နောက်ထပ်တနှစ် ထပ်မံ တိုးမြှင့်ရေး၊ (၂) ရခိုင်ပြည်နယ် က လူ့အခွင့်အရေးချိုးဖေါက်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့
ပတ်သက်ပြီး လွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းရေးအဖွဲ့ တခု ဖွဲ့စည်းရေး၊ (၃) မြန်မာအစိုးရအာဏာပိုင်တွေအနေနဲ့ ကုလ အထူးကိုယ်စားလှယ်နဲ့ စုံစမ်းရေးအဖွဲ့ကိုကူညီပူးပေါင်းဆောင်ရွက်ရေး၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့လူအခွင့်အရေးချိုးဖေါက်မှုတွေကို ရပ်တန့်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ လွတ်လပ်စွာ ပေးခွင့်ပြုရေး၊ လေ့လာသူတွေ သတင်းထောက်တွေ သွားခွင့်ပြုရေး၊ အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ၄ ခု ဖျက်သိမ်းရေး၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ စုဝေးခွင့်ဆိုင်ရာ ပုဒ်မ ၅ဝ၅ ဖျက်သိမ်းရေးတို့ကို ဖေါ်ပြထားပြီးနောက်ဆုံးအချက် (၄) အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာပြည်ဆိုင်ရာအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာအစိုးရနဲ့ လက်တွဲပြီး အခြေအနေတွေ တိုးတက်အောင်ဆောင် ရွက်စေဖို့ မေတ္တာရပ်ခံထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံကို အဖွဲ့ဝင်နဲ့ လေ့လာသူအဖြစ် တက်ရောက်မယ့်နိုင်ငံတွေထံ မနေ့က ပေးပို့လိုက်တဲ့ ဝါရှင်တန်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ရဲ့ တိုက်တွန်းချက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ကျယ်ကျယ်ပျံ့ပျံ့ ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အကျဉ်းရုံးဖေါ်ပြထားပြီး အဲဒီ ကိစ္စတွေကိုတားဆီးဖို့အတွက် အခုလို ဆုံးဖြတ်ပြဌာန်းဖို့ လိုအပ်ကြောင်း ရေးသားထားပါတယ်။

(၃၄) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံကို ဖေဖေါ်ဝါရီလ ၂၇ရက်နေ့ကနေ မတ်လ ၂၄ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ
ကျင်းပပါလိမ့်မယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org