စွမ်းအားရှင်တွေကို အသုံးချမှု လက်ခံနိုင်စရာမရှိကြောင်း HRW အဖွဲ့ပြော

အမျိုးသားပညာရေး ဥပဒေပြောင်းလဲပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ ကျောင်းသားတွေနဲ့ ထောက်ခံဆန္ဒပြသူတွေကို အရပ်ဝတ်စွမ်းအားရှင်တွေကို ကြားခံအနေနဲ့ အသုံးချခဲ့ပြီး ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့တာတွေဟာ လူ့အခွင့်အရေးအရ လုံးဝလက်ခံနိုင်စရာမရှိကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး Human Rights Watch က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မတ်လ ၅ ရက်နေ့က လက်ပတ် အနီဝတ်ထားတဲ့သူတွေနဲ့ ကျောင်းသား၊ အရပ်သားတချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ် Photo: Thiha Tun, Kyaw Lwin Oo/RFA

အမျိုးသားပညာရေး ဥပဒေပြောင်းလဲပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ ကျောင်းသားတွေနဲ့ ထောက်ခံ ဆန္ဒပြသူတွေကို အရပ်ဝတ်စွမ်းအားရှင်တွေကို ကြားခံ အနေနဲ့ အသုံးချခဲ့ပြီး ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့ တာတွေဟာ လူ့အခွင့်အရေးအရ လုံးဝလက်ခံနိုင်စရာ မရှိကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီး Human Rights Watch က ပြောကြားလိုက် ပါတယ်။

မနေ့ညက ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြနေ တဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့နဲ့ အရပ်ဝတ် စွမ်းအားရှင် လူငယ်တွေကို အသုံးချပြီး နှိမ်နင်းဖမ်းဆီး ခဲ့တာနဲ့ ပတ်သက်လို့ HRW ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှူး David Mathieson က RFA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ အခုလို ဖြေကြားလိုက် တာဖြစ်ပါတယ်။

ဒီလုပ်ရပ်ဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲတာမျိုးဟာ လက်ခံနိုင်စရာမရှိပါဘူး။ ဆန္ဒပြကျောင်းသားတွေအနေနဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိရမှာဖြစ်သလို အစိုးရအနေနဲ့ တောင်းဆိုချက်တွေကို အေးအေးချမ်းချမ်း ဆွေးနွေးဖြေရှင်းပေးရမှာဖြစ်ပြီး၊ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ အင်အားသုံးရိုက်နှက်တာမျိုးဟာ ရဲတပ်ဖွဲ့ကိုရော၊ အစိုးရကိုပါ နိုင်ငံတကာအသိုင်းဝိုင်းက ရှုတ်ချဖို့သင့်ပါတယ်လို့ Mr. Mathieson က ပြောသွားတာဖြစ်ပါတယ်။

ဖမ်းဆီးခဲ့ရာမှာလည်း တရားဝင်မဟုတ်တဲ့ အရပ်ဝတ် စွမ်းအားရှင်လူငယ်တွေကို ကြားခံလုံခြုံရေးအဖြစ် ရဲတပ်ဖွဲ့က အသုံးချခဲ့တာဟာလည်း နိုင်ငံတကာရဲတပ်ဖွဲ့စံတွေနဲ့ မကိုက်ညီကြောင်း၊ ဒီလုပ်ရပ်အပေါ်မှာ ဥရောပသမဂ္ဂ လို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နှစ်ချီလေ့ကျင့်သင်ကြားပေးခဲ့တဲ့ နိုင်ငံတွေက ဦးဆောင် ကန့်ကွက်ရှုံတ်ချသင့်ကြောင်း လည်း သူကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org