ရှေ့နေဦးကိုနီလုပ်ကြံခံရမှု တရားရုံးဆုံးဖြတ်ချက် လုံလောက်ခြင်းမရှိဘူးလို့ HRW ဝေဖန်
ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ဟာ လုံလောက်ခြင်း မရှိဘူးလို့ လူအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ HRW ရဲ့ အာရှတိုက်ဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး Phil Robertson က RFA ကို ပြောလိုက်ပါတယ်။
-
2019-02-19 -

ဒီကိစ္စဟာ အထူးစိုးရိမ်စရာရှိကြောင်းနဲ့ ဒီလူသတ်မှုကို အဓိက ကြိုးကိုင်တဲ့ တပ်မတော်အရာရှိဟောင်းဟာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ Phil Robertson က ပြောပါတယ်။
လွတ်မြောက်နေသူဟာ လက်ရှိတပ်မတော်ရဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေနဲ့ ထဲထဲဝင်ဝင် ဆက်နွယ်သူ ဖြစ်ပြီး၊ မသိမမြင်ရသေးတဲ့ ဆက်စပ်မှုတွေဟာ အမှုရဲ့ နောက်ကွယ်မှာ အများကြီး ရှိနေသေးတယ်လို့ Phil Robertson က ဆိုပါတယ်။
ဒီအမှုအတွက် အရေးကြီးတဲ့ တရားခံဇေယျာဖြိုးကို စွဲချက်ပြင်ဆင်ပြီး ပြစ်ဒဏ်လျှော့ချခဲ့တာကြောင့် ဒီအမှုမှာ တရားဥပဒေနဲ့အညီ ထိုက်တန်တဲ့ စီရင်ချက်ချခဲ့ပြီးပြီလို့ မယူဆဘူးလို့လည်း ဆိုပါတယ်။
ဒါ့အပြင် လွတ်မြောက်နေတဲ့ အဓိကကြိုးကိုင်သူရဲ့ နောက်ကွယ်မှာ အကြီးဆုံး အဆက်အသွယ်တွေရှိနေပြီး အဲဒါကို ရှာဖွေဖော်ထုတ်ဖို့ လိုတယ်လို့လည်း Phil Robertson က ပြောခဲ့ပါတယ်။