မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးစံတွေ သတ်မှတ် စောင့်ကြည့်သင့်ကြောင်း HRW တိုက်တွန်း

အာဆီယံနိုင်ငံတွေ အနေနဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံ ခေါင်းဆောင် ဖြစ်လာမယ့် မြန်မာနိုင်ငံ အတွက် လိုက်နာ ဆောင်ရွက်ရမယ့် လူ့အခွင့်အရေး စံသတ်မှတ်ချက်တွေ ရှင်းရှင်းလင်းလင်း ထားရှိဖို့ လိုအပ်ကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့က မနေ့က တိုက်တွန်းလိုက် ပါတယ်။

ဒီစံသတ်မှတ်ချက်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား အားလုံး အမြန်ဆုံး လွှတ်ပေးရေး၊ အတိုက်အခံတွေကို ဖိနှိပ်တဲ့ ဥပဒေတွေကို ရုတ်သိမ်းပေးရေး၊ ပဋိပက္ခ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား ဒေသတွေမှာ အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ပေးရေး၊ စစ်ရာဇဝတ်မှုတွေမှာ ကျူးလွန်သူတွေကို ဖော်ထုတ် အရေးယူရေး အချက်တွေ ပါဝင်သင့်တယ်လို့ HRW အဖွဲ့က မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ ဖြေရှင်းရ ခက်ခဲတဲ့ ပြဿနာ တစ်ခု အဖြစ် အာဆီယံရဲ့လည်ပင်းမှာ စွပ်နေခဲ့တာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး၊ ဒီပြဿနာကို အာဆီယံ ဥက္ကဋ္ဌ နေရာပေးပြီး ဖယ်ရှားလို့ မရနိုင်ကြောင်း၊ အာဆီယံ အနေနဲ့ အပြောင်းအလဲအတွက် ရှင်းလင်း ပြတ်သားတဲ့ စံသတ်မှတ်ချက်တွေ ထားရှိဖို့နဲ့ တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်သွားဖို့ လိုအပ်ကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့ရဲ့ အာရှဒေသ ဆိုင်ရာ ဒုတိယ အကြီးအကဲ Elaine Pearson က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org