လွှတ်တော်အဆောက်အအုံ ပြုပြင်စရိတ် စစ်ဆေးရေးအဖွဲ့ ရလဒ် တင်

လွှတ်တော်အဆောက်အအုံ ဆေးသုတ်စရိတ် ကျပ်သိန်း ၅၈၀၀ တောင်းခံထားတာကို စစ်ဆေးချက်အရ အမှန်တကယ် ကုန်ကျစရိတ်ဟာ လေးပုံတစ်ပုံခန့်သာ ရှိသင့်တယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံကို တွေ့ရစဉ် ဓါတ်ပုံ - Pyithu Hluttaw - ပြည်သူ့လွှတ်တော် - facebook

လွှတ်တော်အဆောက်အအုံ ဆေးသုတ်စရိတ် ကျပ်သိန်း ၅၈၀၀ တောင်းခံထားတာကို စစ်ဆေးချက်အရ အမှန်တကယ် ကုန်ကျစရိတ်ဟာ လေးပုံတစ်ပုံခန့်သာ ရှိသင့်တယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဒေါ်ယဉ်မင်းလှိုင်က စုံစမ်းစစ်ဆေးမှုရလဒ်ကို ပြောပါတယ်။

“တွေ့ရှိချက် အကြမ်းဖျင်းကတော့ အရည်အသွေးမမီဘူးပေါ့၊ သုံးစွဲထားတဲ့ သုတ်ဆေးတွေက ပင်ကိုယ်အရည်အသွေးကို မမီတဲ့အတွက် တချို့နေရာတွေ ပျက်စီးသွားတာရှိတယ်ပေါ့၊ အဲဒါတွေနဲ့ ပတ်သက်ပြီး သူတို့တင်ပြထားတဲ့ ကုန်ကျစရိတ်ရဲ့ ၄ ပုံ ၁ ပုံခန့်သာ ကျသင့်တယ်ဆိုပြီး အမတို့က အစီရင်ခံစာတင်ထားတယ်၊ အားလုံးပေါင်း သိန်းပေါင်း ၅၈၀၀ ရှိတယ်”

အဖွဲ့ဝင် ၆ ဦးပါ ကော်မတီနဲ့ ပြီးခဲ့တဲ့ မေလက စတင်စုံစမ်းခဲ့တဲ့ အဲဒီဆေးသုတ်စရိတ် ကုန်ကျစရိတ်တွေကို အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်ထံ အစီရင်ခံစာ တင်သွင်းထားတယ်လို့ သိရပါတယ်။

အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ က တဆင့် ပြည်ထောင်စုလွှတ်တော် နာယက ထံကို ဆက်လက်အစီရင်ခံမှာ ဖြစ်ပြီး ဘယ်လို အရေးယူမယ်ဆိုတာတော့ မသိရသေးဘူးလို့ ပြောပါတယ်။

အမျိုးသား၊ ပြည်သူ၊ ပြည်ထောင်စုလွှတ်တော်နဲ့ လွှတ်တော်အဆောက်အအုံက ကျွန်းတံခါးတွေ၊ ကျွန်းဘောင်တွေ ကို ဆေးသုတ်စရိတ် ကျပ်သိန်းပေါင်း ၅၈၀၀ တောင်းခံထားတာဟာ များပြားလွန်းတယ်ဆိုပြီး ကိုယ်စားလှယ်အချို့က ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

လွှတ်တော်အဆောက်အအုံတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ဘတ်ဂျက်ငွေ နဲ့ ထိန်းသိမ်းတဲ့လုပ်ငန်းတွေ ဆောင်ရွက်တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org