လှိုင်သာယာ ကျူးကျော်အဆောက်အအုံတွေ ဖယ်ရှားခိုင်းနေ

လှိုင်သာယာမြို့နယ်အတွင်းက ကျူးကျော်အဆောက်အအုံတွေကို သုံးရက်အတွင်း ဖယ်ရှားပေးဖို့ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေက နေအိမ်တွေအထိ လိုက်လံ သတိပေးနေပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့က ဖယ်ရှားပေးရန် ညွှန်ကြားခံရသော လှိုင်သာယာမြို့နယ်အတွင်းမှ အဆောက်အဦးတစ်ခု။ Photo: CJ

လှိုင်သာယာမြို့နယ်အတွင်းက ကျူးကျော်အဆောက်အအုံတွေကို သုံးရက်အတွင်း ဖယ်ရှားပေးဖို့ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေက နေအိမ်တွေအထိ လိုက်လံ သတိပေးနေပါတယ်။

ရပ်ကွက်အတွင်းမှာလည်း နိုဝင်ဘာလ ၂၃ ရက် မနေ့က စပြီး အိမ်ရှေ့မြောင်းကိုကျော်ပြီး ထုတ်ထားတဲ့ အဆောက်အအုံတွေကို ပြည်သူတွေ ဖယ်ရှားနေကြပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org