ဟိန္ဒူတစ်ရာကျော် သတ်ဖြတ်ခံရမှု တစ်နှစ်ပြည့် ဆုတောင်းပွဲ ကျင်းပမည်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်သြဂုတ်လအတွင်းက ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဟိန္ဒူဘာသာဝင် ၁၁၃ ဦးအတွက် တစ်နှစ်ပြည့် ဆုတောင်းပွဲကို လာမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ မောင်တောမြို့မှာ ပြုလုပ် သွားမယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်မှာ အသတ်ခံရတဲ့ ဟိန္ဒူဘာသာဝင်တွေအတွက် ဘာသာရေးထုံးတမ်းစဉ်လာ နှစ်ပတ်လည်ဆုတောင်းပွဲကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်သြဂုတ်လအတွင်းက ARSA အစွန်းရောက် အကြမ်းဖက် သမားတွေ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဟိန္ဒူဘာသာဝင် ၁၁၃ ဦးအတွက် တစ်နှစ်ပြည့် ဆုတောင်းပွဲကို လာမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ မောင်တောမြို့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့မှာ တစ်နှစ်ပြည့်မြောက်မှာဖြစ်ပေမယ့် ရိုးရာဓလေ့ထုံးတမ်းတွေအရ သြဂုတ်လ ၁၅ ရက်နေ့ ဆုတောင်းပွဲကျင်းပဖု့ိ စီစဉ်နေတာလို့ ဟိန္ဒူလူမှုကူညီရေးအဖွဲ့ အတွင်းရေးမှူး ဦးဘုလှရွှေ က ပြောပါတယ်။

"ကျနော်တို့ ဟိန္ဒူဓလေ့ထုံးစံအရဆိုရင် နက္ခတ္တအရ ၁၀ ရက်စောသွားတယ်။ အမှန်အတိုင်းဆို တစ်နှစ်ပြည့်မှာက သြဂုတ်လ ၂၅ ရက်နေ့မှပြည့်မှာ။ ဟိန္ဒူကျမ်းအရ ၁၀ ရက်စောသွားတော့ သြဂုတ်လ ၁၅ ရက် ဗုဒ္ဓဟူးနေ့လုပ်ဖို့ ဖြစ်သွားတာပါ"

အဲဒီအခမ်းအနားကို တက်ရောက်ဖို့ နိုင်ငံတော်အကြီးအကဲတွေကိုပါ ဖိတ်ထားတယ်လို့ ဦးဘုလှရွှေ က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်သြဂုတ်လ ၂၅ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်း ရဲဘော်ကျကျေးရွာအနီးမှာ ဟိန္ဒူဘာသာဝင် ၉၀ ကျော်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး အခြားကျေးရွာအချို့မှာလည်း ဟိန္ဒူဘာသာဝင်တွေ သတ်ဖြတ် ခံခဲ့ရပါတယ်။

မောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင် ၄၀၀၀ ကျော်နေထိုင်ပြီး အဲဒီအထဲက လူပေါင်း ၁၂၀၀ ကျော်ဟာ ဒီနေ့အထိ မောင်တောနဲ့ စစ်တွေမြို့ပေါ်မှာ မှီခိုနေထိုင်နေကြရဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org