တောင်ကြီးမြို့အနီး မှာ အမေရိကန်ဒေါ်လာ ၄.၇ သန်း တန်ဖိုးရှိတဲ့ ဘိန်းဖြူ ဖမ်းမိ

ရှမ်းပြည်နယ် တောင်ကြီးမြို့အနီး မှာ အမေရိကန်ဒေါ်လာ ၄.၇ သန်း တန်ဖိုးရှိတဲ့ ဟီးရိုးအင်း ဘိန်းဖြူ ၈၁၅ ပေါင် ဖမ်းဆီးမိခဲ့ပါတယ်။

ယာဉ်မောင်း နှစ်ဦးနဲ့အတူ အမေရိကန်ဒေါ်လာ ၄.၇ သန်း တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေနဲ့အတူ တွေ့ရစဉ် ဓါတ်ပုံ - ရဲဇာနည်

ရှမ်းပြည်နယ် တောင်ကြီးမြို့အနီး မှာ အမေရိကန်ဒေါ်လာ ၄.၇ သန်း တန်ဖိုးရှိတဲ့ ဟီးရိုးအင်း ဘိန်းဖြူ ၈၁၅ ပေါင် ဖမ်းဆီးမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ညက တောင်ကြီးမြို့အနီး ဘုန်းကြီးကျောင်း တစ်ကျောင်းအပြင်မှာ ရပ်ထားတဲ့ ထရပ်ကား တစ်စီးပေါ်ကနေ တွေ့ရှိခဲ့ပြီး၊ လူနှစ်ဦးကို ဖမ်းဆီးမိခဲ့တာပါ။

မူးယစ်ဆေးဈေးကွက်မှာ မက်သာဖက်တမင်း စိတ်ကြွဆေးတွေ အသုံးများလာတာနဲ့အမျှ၊ မြန်မာနိုင်ငံမှာ ဘိန်း စိုက်ပျိုးမှုလည်း လျော့ကျလာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်တွေအတွင်း မြန်မာနိုင်ငံက ဘိန်း စိုက်ပျိုးမှုမှာ ထိပ်ဆုံးကရှိခဲ့ပြီး မြန်မာ၊ ထိုင်း နဲ့ လာအို သုံးပွင့်ဆိုင် နယ်စပ်ဒေသဟာ ရွှေတြိဂံ ဒေသအဖြစ် နာမည်ကျော်ခဲ့ပါတယ်။ အဲဒီနောက်မှတော့ အာဖဂန်နစ္စတန်က ဘိန်းအထွက်ဆုံး နေရာဖြစ်လာခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org