0:00 / 0:00
တောင်ဒဂုံမြို့နယ်အတွင်းမှာ မိုးများလွန်းလို့ ရေကြီးနေတဲ့ ရပ်ကွက် (၄) ခုမှာ အိမ်ခြေ နှစ်ထောင်ကျော် ရှိပြီး ဒေသခံ ပြည်သူတွေနဲ့ ကျောင်းသားကလေးငယ်တွေ သွားရေးလာရေး အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရပ်ကွက်ပြည်သူတွေက မြို့တော်စည်ပင်ကို အကြောင်းကြားပေမယ့် သက်ဆိုင်ရာ အရာရှိတွေ လာရောက် ကြည့်ရှုပြီး ဘာမှ လုပ်ဆောင်ပေးတာ မရှိဘူးလို့ ဆိုပါတယ်။
ဒီအကြောင်း အသေးစိတ်ကို အာအက်ဖ်အေ သတင်းထောက် ကိုမိုးကျော်က သတင်း ပေးပို့ထားပါတယ်။