ဟားခါးမြို့မှာ လက်နက်ကြီးကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

RFA Burmese
2024.03.26
ဟားခါးမြို့မှာ လက်နက်ကြီးကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ ဟားခါးမြို့ မြို့သစ်ရပ်ကွက်မှ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် နေအိမ်အား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်ရပ်ကွက်က နေအိမ်တစ်လုံးပေါ်ကို မတ်လ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီး တစ်လုံးကျရောက်ပေါက်ကွဲပြီး တစ်ဦးသေဆုံးတဲ့အပြင် လေးဦးဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဦးရိုဘဲ သေဆုံးပြီး သူရဲ့မိသားစုဝင် လေးဦး ဒဏ်ရာရခဲ့တာပါ။

ဒီလက်နက်ကြီးကို ဟားခါးမြို့၊ ပြည်နယ်ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်က ပစ်ခတ်တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

"မနေ့ညက စကစက ပြည်သူနေအိမ်ဘက်ကို တမင်ပစ်တာ၊ လက်နက်ကြီးကျတဲ့အိမ်လည်း တော်တော်ပျက်စီးသွားတယ်"

ဒဏ်ရာရသူလေးဦးက ဟားခါးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရှိသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။