ကုလအတွင်းရေးမှူးချုပ်နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ရိုဟင်ဂျာစခန်းတွေသွားမည်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်ဟာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌနဲ့အတူ လာမယ့် ဇူလိုင်လ ၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေကို သွားရောက် လေ့လာမယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကင်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးထားရက်စ်။ UN Photo/Rick Bajornas

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်ဟာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌနဲ့အတူ လာမယ့် ဇူလိုင်လ ၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားပြီး အဲဒီမှာရောက်နေတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေကို လေ့လာမယ်လို့ ကုလသမဂ္ဂ ပြောခွင့်ခွင့်ရပုဂ္ဂိုလ်က ဇွန်လ ၂၈ ရက်နေ့က ပြောလိုက်ပါတယ်။

မစ္စတာဂူးတားရက်စ်နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်မ်ယောင်ကင်တို့ဟာ ဒီခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ အစိုးရအဖွဲ့ဝင်တွေကို ဒါကာမြို့မှာတွေ့ဆုံပြီး ဒုက္ခသည်တွေရဲ့အခြေအနေကို ဆွေးနွေးမယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၂ ရက်နေ့မှာတော့ ကော့စ်ဘဇားကိုသွားပြီး ဒုက္ခသည်တွေကိုကူညီနေတဲ့ ကော်မတီတွေ၊ အဖွဲ့တွေနဲ့တွေ့ပြီး အလှူငွေ ပိုပေးမယ့်ကိစ္စတွေ ပြောဆိုမယ်လို့သိရပါတယ်။

သူတို့နဲ့အတူ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီနဲ့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူးချုပ် နာထလီယာ ကာနမ် တို့လည်း လိုက်ပါသွားမှာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်းမှာ အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေကိစ္စကိုလည်း သုံးသပ်မှာဖြစ်သလို၊ ဒုက္ခသည်တွေ ကိုယ့်ဆန္ဒနဲ့ကိုယ် နေရပ်ပြန်ပြီး ဘေးအန္တရာယ်ကင်းကင်းနဲ့ လုံလုံခြုံခြံ ုဘဝပြန်ထူထောင်နိုင်ရေး အခြေအနေတွေ ဘယ်အဆင့်ရောက်နေပြီလဲ ဆိုတာကို လေ့လာကြမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org