အစိုးရအနေနဲ့ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ဖို့ တောင်းဆို

ကိုးကွယ်ယုံကြည်သူအမျိုးမျိုး စုပေါင်းနေ ထိုင်နေကြတဲ့ မြန်မာနိုင်ငံမှာ ပြည်သူအား လုံး ချစ်ကြည်ငြိမ်းချမ်းစွာ နေထိုင်ကြဖို့၊ အစိုးရအနေနဲ့ လုံခြုံရေးကိစ္စ တိုးမြှင့်ဆောင်ရွက်ဖို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ဒီကနေ့ သဘောထားကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကွယ်ယုံကြည်သူအမျိုးမျိုး စုပေါင်းနေထိုင်နေကြတဲ့ မြန်မာနိုင်ငံမှာ ပြည်သူအားလုံး ချစ်ကြည်ငြိမ်းချမ်းစွာ နေထိုင်ကြဖို့၊ အစိုးရအနေနဲ့ လုံခြုံရေးကိစ္စ တိုးမြှင့်ဆောင်ရွက်ဖို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအဖွဲ့က ဒီကနေ့ သဘောထား ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

နှစ်ဦးနှစ်ဖက် ချစ်ချစ်ခင်ခင် ပြန်လည်နေထိုင်ကြဖို့အတွက် ကြေညာချက်ထုတ်ပြန်ရတာဖြစ်ကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအဖွဲ့ ခရစ်ယာန်ဘာသာ အတွင်းရေးမှူး ဒေါက်တာ သာဉာဏ်က RFA ကို ပြောပါတယ်။

"ယခုဖြစ်တာ သာမာန်အရောင်းအဝယ် အငြင်းပွားမှုပဲလေ အဲ့ဒါဘာသာရေးအထိ နွယ်သွားစရာ အကြောင်းမရှိဘူး၊ အဲ့လိုမဖြစ်အောင် ဘာသာဝင်တွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ပဲ၊ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ၊ ဘာကြောင့် တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေချင်နေရတာလဲ အဲ့ဒီအဓိအကြောင်းအရင်းကိုရှာဖို့ ကြိုးစားပါမယ်"

ဘာသာပေါင်းစုံက ခေါင်းဆောင်တွေပါဝင်တဲ့ အဲဒီထုတ်ပြန်ကြေညာချက်မှာ အစိုးရဘက်က နှစ်ဖက်ပြည်သူတွေရဲ့ လုံခြုံရေးကိုထားရှိဖို့၊ ဒီကိစ္စတွေရပ်တွေကို ဥပဒေကြောင်းအရ စစ်ဆေးအရေး ယူဆောင်ရွက်ပေးဖို့၊ ပြည်သူလူထုအနေနဲ့ မေတ္တာကို အခြေခံပြီး ငြိမ်းချမ်းစွာနေထိုင်ဖို့၊ မလိုလားအပ်တဲ့ ပဋိပက္ခတွေမှာ မပါဝင်ကြဖို့နဲ့ ဥပဒေမဲ့လုပ်ရပ်တွေမှာလည်း မပါဝင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org