အစိုးရလျှို့ဝှက်ချက်များ ပြင်ဆင် ချက် ဥပဒေကြမ်းအဆို ပြည်သူ့ လွှတ်တော် ပယ်ချ
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ တင်သွင်း ရာ ထောက်ခံသူမရှိတဲ့အတွက် လွှတ်တော်က ပယ်ချခဲ့ တယ်။
-
2014-09-25 -
-
-
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်သူ့ လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ တင်သွင်းရာ ထောက်ခံသူ မရှိတဲ့ အတွက် လွှတ်တော်က ပယ်ချခဲ့ပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဦးသိန်းညွန့်အဆိုကို လက်ခံဆွေးနွေးဖို့ အစီအစဉ် မရှိပေမဲ့ အဲ့ဒီဥပဒေနဲ့ပတ်သက်ပြီး လေ့လာသုံးသပ်ဖို့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက တိုက်တွန်းပြော ကြားခဲ့ပါတယ်။
"ဒီဥပဒေကိုတော့ ကျနော်တို့ လွှတ်တော်ရဲ့ အဆုံးအဖြတ်အရ ဆက်လက်ဆွေးနွေးဖို့မရှိဘူး၊ ဒီဥပဒေကိုတော့ ပြန်လည်လေ့လာတဲ့အခါမှာ နည်းဥပဒေများ ရှိ မရှိ၊ အမိန့်ကြေညာစာ ညွှန်ကြား ချက်များ ရှိ မရှိ၊ ဒါလေ့လာသုံးသပ်ပြီးတဲ့အခါမှာ ဥပဒေနဲ့ တရားရေးရာကော်မတီကနေပြီး ပြန်ပြီးတော့ လွှတ်တော်ကို ပြန်တင်သွင်းသွားဖို့လိုပါတယ်၊ အဲ့ဒီနည်းတွေနဲ့ပဲ ဒီဥပဒေကို မြန်မာလိုပြန်ကြားနိုင်အောင် ကျနော်တို့ လွှတ်တော်ကနေတဆင့် သက်ဆိုင်ရာကို တိုက်တွန်းဆောင်ရွက်သွားမှာပါ"
အဲ့ဒီအဆိုကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးတီခွန်မြတ်တို့က နိုင်ငံတော်လုံခြုံရေးနဲ့ ပတ်သက်တဲ့အတွက် ပြင်ဆင်ဖို့ကို ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။
အဆိုတင်သွင်းတဲ့ ဦးသိန်းညွန့်က အဆိုကို ထောက်ခံမဲမရရှိခဲ့ပေမဲ့ ကျေနပ်မှုရှိတယ်လို့ ပြောပါတယ်။