အဲဒီ အစီအစဉ်နဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်ရဲ့ အတည်ပြု ဆုံးဖြတ်ချက်ကို သမ္မတထံ တင်ပြဖို့် အတွက် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီဝင် ပြည်ထောင်စု ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို ကိုယ်တိုင် တာဝန်ယူသွားတာ ဖြစ်လို့ အခုလို ရှုမြင်တာ ဖြစ်ကြောင်း ဦးကိုကိုလှိုင်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးကိုကိုလှိုင်နဲ့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်း ထားတာကို နားဆင်နိုင်ပါတယ်။
0:00 / 0:00