ကချင်ပြည်နယ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို လွှတ်ပေးဖို့ Global Witness တောင်းဆို

တိုက်ပွဲကြောင့် ပိတ်မိနေသူတွေကယ်ထုတ်ရေး ဆန္ဒပြခဲ့ရာမှာ ဦးဆောင်သူ ၃ ဦးကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
တိုက်ပွဲကြောင့် ပိတ်မိနေသူတွေကယ်ထုတ်ရေး ဆန္ဒပြခဲ့ရာမှာ ဦးဆောင်သူ ၃ ဦးကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ် (Photo: Elizabeth/ RFA)

ကချင်ပြည်နယ်မှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို တရားစွဲဆိုထောင်ချနေတာတွေ ရပ်ဆိုင်းပြီး ချက်ခြင်းပြန်လွှတ်ပေးဖို့ ဗြိတိန်အခြေစိုက် Global Witness အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ စစ်ရေးပဋိပက္ခတွေအတွင်း အရပ်သားပြည်သူတွေ မထိခိုက်ရအောင် အကာအကွယ်ပေးရေးကိစ္စကိုတောင် မဆွေးနွေးဘူးဆိုရင် မြန်မာပြည်မြောက်ပိုင်းက သဘာဝအရင်းအမြစ် ကိစ္စတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ စစ်ရေးပဋိပက္ခတွေ အပါအဝင် ရှုပ်ထွေးလှတဲ့ ပြဿနာတွေကို ဖြေရှင်းမယ့် အလားအလာ မရှိသလောက်ပဲလို့ Global Witness အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အလုပ်အဖွဲ့ခေါင်းဆောင် Paul Donowitz က ပြောပါတယ်။