တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေး

၂၀၁၆-၁၇ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးနဲ့ ဖြေဆိုအောင်မြင်ခဲ့တဲ့ မန္တလေး အိုးဘို အကျဉ်းထောင်က အကျဉ်းသား လူငယ် ၅ ဦးကို ဒီကနေ့ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်ပါတယ်။

၂ဝ၁၆ - ၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မန္တလေးအိုးဘိုထောင်ကနေ ဖြေဆိုအောင်မြင်ခဲ့သူ ၇ ဦးကို ဇူလိုင်လ ၂၂ ရက်နေ့က ဆုချီးမြှင့်စဉ် Photo: Hset Paing Toe/RFA

၂၀၁၆-၁၇ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးနဲ့ ဖြေဆိုအောင်မြင်ခဲ့တဲ့ မန္တလေး အိုးဘိုအကျဉ်းထောင်က အကျဉ်းသားလူငယ် ၅ ဦးကို ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။

အိုးဘိုအကျဉ်းထောင်ကနေ တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ခဲ့သူ ၇ ဦးရှိပြီး အဲဒီထဲက ဂုဏ်ထူးရသူ ၅ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာလို့ ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်း က ပြောပါတယ်။

"ကျနော့်ထောင်က အခုအောင်တာ ၇ ဦးပါ၊ ဂုဏ်ထူးပါတာ ၅ ဦးပါ၊ သူတို့ပဲပေးတာပါခင်ဗျ၊ သမ္မတကြီးက ပေးတာပါ"

အိုးဘိုအကျဉ်းထောင်မှာ ဒီ ၂၀၁၆-၂၀၁၇ ကျမှ စာစစ်ဌာနထားရှိတာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် စုစုပေါင်း ၇ ဦး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ၃ ဘာသာ ဂုဏ်ထူးရှင် ၁ ယောက်နဲ့ ၁ ဘာသာ ဂုဏ်ထူးရသူ ၄ ယောက် ပါဝင်တာဖြစ်ပါတယ်။

သူတို့ဟာ ကျိုင်းတုံ၊ လားရှိုး၊ မကွေး၊ လွိုင်ကော်နဲ့ ကချင်ပြည်နယ် စတဲ့ဒေသတွေမှာ နေထိုင်ကြသူတွေဖြစ်ပြီး အသက် ၁၈/၁၉ နှစ် ဝန်းကျင်လောက်တွေဖြစ် တယ်လို့လည်း သိရပါတယ်။

ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေဟာ အနည်းဆုံး ၁၀ လကနေ အများဆုံး ၇ နှစ်အထိ ပြစ်ဒဏ်ကျခံဖို့ ကျန်ရှိနေတဲ့သူတွေလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org