မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ပင်လုံညီလာခံတက်ဖို့ တရုတ် တိုက်တွန်း

မြန်မာအစိုးရက ၂၁ ရာစု ပင်လုံညီလာခံကို ဖိတ်ကြားလာရင် တက်ရောက်ဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့လို့ လူသိများ တဲ့ FPNCC ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနိုင်းရေး ကော်မတီကို တရုတ် အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကိုရှန်း Mr Sun Guoxiang က အကြံပြုလိုက်ပါတယ်။

တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ်က FPNCC အဖွဲ့ကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားခဲ့ပြီး မေလ ၁၈ ရက်နေ့ က တရုတ်ပြည် ကူမင်းမြို့မှာ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ FPNCC အဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲမှာ တရုတ် မြန်မာ နယ်စပ် တည်ငြိမ်ရေး ဝိုင်းဝန်းဆောင်ရွက်ဖို့၊ နိုင်ငံရေး၊ ဒေသ တည်ငြိမ်ရေး ပြဿနာ ရပ်များကို လက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းဘဲ ဆွေးနွေးအဖြေရှာဖို့ ဆွေးနွေးကြပါတယ်။

ဒါ့အပြင် FPNCC အဖွဲ့အနေနဲ့လည်း လက်ရှိပြဿနာတွေကို တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် အဖြေရှာဖို့ အသင့်ရှိတယ်လို့ ဆွေးနွေးခဲ့ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

FPNCC အဖွဲ့ဟာ UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့၊ MNDAA မိုင်းလားအဖွဲ့၊ KIO ကချင်လွတ်မြောက်ရေး အဖွဲ့၊ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊ AA ရက္ခိုင့်တပ်မတော်နဲ့ ပလောင်ပြည်နယ် လွတ်လပ်ရေးတပ်ဦး (PSLF/TNLA) အဖွဲ့တို့နဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။