ကိုထင်ကျော် ချောက်မြို့ကအမှု နဲ့ ဒေါ်မြင့်မြင့်အေး နတ္တလင်းမြို့က အမှုများ ရုံးတင်စစ်ဆေး

ချောက်မြို့နယ်မှာ ပုဒ်မ ၁၈ အလိုမရှိဆိုတဲ့ ကန့်ကွက်စာပေးဝေမှု၊ မိကျောင်းကန် လယ်သမား ဆန္ဒပြမှုှမှာ ပါဝင်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကိုထင်ကျော် အပါအဝင် ၄ ဦးကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့ပြီး ဒီကနေ့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ တစ်ကိုယ်တော် ဆန္ဒပြနေတဲ့ ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားသူ ကိုထင်ကျော်ကို တွေ့ရစဉ် photo: Kyaw Htoon Naing

ချောက်မြို့နယ်မှာ ပုဒ်မ ၁၈ အလိုမရှိဆိုတဲ့ ကန့်ကွက်စာပေးဝေမှု၊ မိကျောင်းကန် လယ်သမား ဆန္ဒပြမှုှမှာ ပါဝင်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကိုထင်ကျော် အပါအဝင် ၄ ဦးကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့ပြီး ဒီကနေ့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ကိုထင်ကျော်အပါအဝင် ကိုဇော်ဝင်း၊ ကိုစိန်သန်းနဲ့ ကိုကျော်လွင်တို့ကို သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှူးက တရားလိုပြုလုပ် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီကနေ့တရားရုံးချိန်းမှာ ခံဝန်ကတိလက်မှတ်ထိုးခဲ့ရတယ်လို့ သိရပါတယ်။

အခုလို တရားစွဲဆိုခံခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်က RFA ကို ပြောပါတယ်။

၂ဝ၁၂ က ပုဒ်မ ၁၈ အလိုမရှိ လို့ဆိုပြီး ကျနော်တို့ချောက်မြို့မှာ စာဝေတဲ့ကိစ္စကို ပုဒ်မ ၁၈ နဲ့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ဒီနေ့အမှုကို စပြီးတော့လက်ခံတယ်၊ ဒီစာဝေတဲ့အမှုရယ်၊ နောက်တစ်ခုက သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် ၁၊ ၂၊ ၃ က ပြည်သူတွေဆန္ဒပြတဲ့ကိစ္စကို ကျနော်တို့ပါဝင်တယ်ဆိုပြီးတော့မှ ဒုတိယအကြိမ်မှာ ခွင့်ပြုချက်မရဘဲနဲ့ ဆန္ဒပြတဲ့အတွက် အဲဒါကိုလည်း ပုဒ်မ ၁၈ နဲ့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးကစွဲတယ်၊ ဒီပုဒ်မ ၁၈ အလိုမရှိ စာတွေဝေတုန်းကတော့ ကျနော်နဲ့အတူပါလာတဲ့ ကိုဇော်ဝင်းတို့ဘာတို့ ပါတာပေါ့ဗျာ၊ ကျနော်နဲ့ အဖော်လိုက်ပေးတဲ့သူတွေ၊ သူတို့လည်း စွဲထားပါတယ်၊ သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် ၁၊ ၂၊ ၃ က ဘိုးဘွားပိုင် မြေပိုင်ရှင်တွေထဲမှာကျတော့ ဒီရပ်ကွက်က ဦးဆောင်ပြီးလုပ်ရှားနေတဲ့ ကိုစိန်သန်းရယ်၊ နောက်ခေါင်းဆောင် ကိုကျော်လွင်ရယ် နှစ်ယောက်ပါပါတယ်ခင်ဗျ"

ဒီကနေ့ တရားရုံးချိန်းမှာ ကိုထင်ကျော်က ပုဒ်မ(၁၈)ကို အလိုမရှိဆိုတဲ့ စာသားပါဝင်တဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး တရားရုံးရှေ့မှာ ထပ်မံဆန္ဒပြခဲ့ပါတယ်။ ကိုထင်ကျော်ဟာ လာမယ့် ၁ဝ ရက်နေ့မှာလည်း ကျောက်တံတားမြို့နယ် တရားရုံးမှာ တကိုယ်တော်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ပုဒ်မ ၁၈ နဲ့ပဲ ထပ်မံတရားရင်ဆိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ပဲခူးတိုင်းအနောက်ပိုင်း၊ နတ်တလင်းမြို့နယ်က သိမ်းယူခံထားရတဲ့ လယ်ယာမြေကိစ္စတွေအတွက် အကူအညီပေးခဲ့လို့ ပေါင်းတည်အကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ မိတ္ထီလာပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ကိုသန့်ဇင်ထက်၊ ဒေါ်မြင့်မြင့်အေးနဲ့ ဒေါ်ခင်မိမိခိုင်တို့ အမှုကိုလည်း ဒီကနေ့ နတ္တလင်းမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့တရားရုံးမှာ စစ်ဆေးဆောင်ရွက်မှု အခြေအနေကို အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်သင်းက RFA ကို အခုလို ပြောပါတယ်။

အမှုနဲ့ ပတ်သက်ပြီးတော့ ပုဒ်မ ၁၈ နဲ့ အရေးယူတာဟာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စည်တန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၂()() တို့အရ တစ်ယောက်ထဲ ဆန္ဒပြတဲ့ကိစ္စတွေဗျာ၊ ဘယ်လိုလုပ် အကျုံးဝင်မလဲ၊ အဲဒီကိစ္စတွေကို တရားလို မြို့နယ်အုပ်ချုပ်ရေးမှူး၊ စခန်းမှူးတစ်ယောက်၊ ရဲတစ်ယောက် မေးမြန်းတာပေါ့ဗျာ၊ ပုဒ်မ ၆ ဆိုတာကလည်း ပြည်သူ့အကျိုးဆောင်ကွန်ရက်ဆိုတာ အသင်းအဖွဲ့မဟုတ်တဲ့အတွက် အသင်းအဖွဲ့ဥပဒေနဲ့ အရေးယူလို့မရဘူး၊ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး ဘာမှရှိတာမဟုတ်ဘူး၊ အသင်းအဖွဲ့ပုံစံမဟုတ်တဲ့အတွက် အသင်းအဖွဲ့ဥပဒေနဲ့ အရေးယူလို့မရဘူးဆိုတဲ့ မေးခွန်းတွေကို ကျနော်တို့ဘက်က မေးမြန်းတာပေါ့”

တောင်သူတွေ ထွန်ယက်စိုက်ပျိုးတာကို ကူညီပေးမှုကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က နတ်တလင်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ ၃ ဦးကို တရားမဝင် သင်းပင်းဖွဲ့စည်းမှုနဲ့ တရားစွဲဆိုထားပြီး အဲဒီထဲက ကိုသန့်ဇင်ထက်ကိုတော့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့ ထပ်မံ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ဒီကနေ့ တရားရုံးတင် စစ်ဆေးမှုကို ပဲမခန်းရွာ၊ လက်ပံပဗျူးရွာနဲ့ သဲကုန်းရွာက တောင်သူတစ်ရာကျော်နဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ချို့ လာရောက်ခဲ့ကြပြီး စစ်ဆေးမှုအပြီးမှာ ဒေါ်မြင့်မြင့်အေးအပါအဝင် သုံးဦးကို ပေါင်းတည်အကျဉ်းထောင်ကို ပြန်လည်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org