၂ဝ၁၄ ပထမနှစ်လအတွင်းဖမ်း မိမှောင်ခိုသစ် ဆယ်ဆ မြင့်တက်

သစ်ဆွဲနေတဲ့ဆင်များကို မြင်ရစဉ်
သစ်ဆွဲနေတဲ့ဆင်များကို မြင်ရစဉ် ((Photo: AFP))

မြန်မာနိုင်ငံမှာ ဒီနှစ် ၂ဝ၁၄ ဘဏ္ဍာရေးနှစ် ပထမနှစ်လ အတွင်း တရားမဝင် ခုတ်လှဲထုတ်ယူခဲ့တဲ့ သစ်တန်ချိန် တစ်သောင်းခွဲကျော် ဖမ်းဆီးမိခဲ့ပါတယ်။

အဲဒီ ပမာဏဟာ ပြီးခဲ့တဲ့နှစ် ပထမနှစ်လအတွင်း ဖမ်းမိခဲ့ တဲ့ မှောင်ခိုသစ် ပမာဏထက် ဆယ်ဆ မြင့်တက်ခဲ့တယ် လို့ အစိုးရ အရာရှိတစ်ဦးက ပြောဆိုကြောင်း ထိုင်းနိုင်ငံ ထုတ် နေးရှင်း သတင်းစာက ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံ ရဲ့သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းကာကွယ် တဲ့အနေနဲ့ သစ်ခွဲသား ထုတ်လုပ်တင်ပို့မှုကို သုံးပုံတစ် ပုံလျှော့ချမယ်လို့ အစိုးရက ကြေညာခဲ့ပြီး တစ်လ မပြည့် ခင်မှာ အခုလို သစ်တန်ချိန် တစ်သောင်းခွဲ ကျော် ဖမ်းဆီး မိခဲ့တဲ့ သတင်းပေါ်ထွက်လာခဲ့တာပါ။

သစ်မှောင်ခိုထုတ်ယူမှုဟာ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်တွေမှာ အဓိက ဖြစ်ပွားနေ ပါတယ်။ အစိုးရစာရင်းဇယားတွေအရ မနှစ်က တရားမဝင် သစ် လုံးတွေနဲ့ သစ်အချောထည် တန်ချိန် သုံးသောင်း ရှစ်ထောင် ဖမ်းဆီးမိခဲ့ရာမှာ ကျွန်းသစ်တန်ချိန် ငါးထောင် ပါဝင်ခဲ့ပါတယ်။

မနှစ်က ကျွန်းသစ်တန်ချိန် ကိုးသောင်းကျော် ခုတ်လှဲခဲ့ရာက၊ ဒီနှစ် ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ၂ဝ၁၅ မတ်လ အထိ တန်ချိန် ခြောက်သောင်းသာ ထုတ်ယူမယ်လို့ အစိုးရက ပြောဆိုခဲ့ပါတယ်။

အစိုးရရဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းဧရိယာဟာ ၁၉၉ဝ ပြည့်နှစ်မှာ နိုင်ငံရဲ့ ၅၈ ရာနှုန်း ရှိခဲ့ရာက၊ ၂ဝ၁ဝ ပြည့်နှစ်မှာ ၄၇ ရာနှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။