ချင်းပြည်နယ်ကို ဆန်အကူအညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည် စီစဉ်
2011.01.10

အဲဒီအတွက် မနက်ဖန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီး အကူအညီ ဘယ်လို ပေးသင့်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ဆီကို ပြန်လည် တင်ပြမယ်လို့ ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပူးဗာလီယန် က ပြောပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံခဲ့သလိုမြန်မာ Egress အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မြန်မာ Egress အဖွဲ့ဟာ နိုင်ငံရေး၊ လူမှုရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပေးနေတဲ့ NGO အဖွဲ့ ဖြစ်ပါတယ် ဒီအဖွဲ့က အမှုဆောင်အရာရှိချုပ် ဒေါက်တာနေဝင်းမောင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက် တွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ခုလို ပြောပါတယ်။
“Egress က သူတို့ ဒေါက်တာ နေဝင်းမောင် လာပြီးတော့ တွေ့ပါတယ်။ အဖွဲ့ကတော့ အထွေထွေ အတွင်းရေးမှူးနဲ့ အတူတူ ကျွန်တော်တို့ သူ့ရဲ့ အနီးကပ် လုံခြုံရေး တာဝန်ရှိတဲ့ ပုဂ္ဂိုလ် ဦးဝင်းထိန်၊ နောက် ဦးဟံသာ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးဟံသာမြင့်၊ သူတို့နှစ်ယောက် အတူ ရှိနေပါတယ်။ ဆွေးနွေး ပြောဆိုတဲ့ အဓိကတွေကတော့ သူတို့ ဘာမှ သိပ် ထူးထူးခြားခြား မပါပါဘူးတဲ့၊ သူတို့ Egress ရဲ့ ရပ်တည် လုပ်ငန်း ဆောင်ရွက်နေတဲ့ ကိစ္စတွေကို အထွေထွေ အတွင်းရေးမှူးကို ရှင်းပြတယ်တဲ့။”
အဲဒီဆွေးနွေးပွဲမှာ ကိုယ်တိုင်တက်ရောက်တဲ့ NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်ကလည်း ခုလိုရှင်းပြပါတယ်။
“သူ့ရဲ့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေပေါ့၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အဲဒါကို သူက ရှင်းပြပါတယ်။ ဒါပါပဲခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း ဒါ ဟို အလိုက်အထိုက်ပါပဲ၊ ဒါကို မှတ်ထားတယ်၊ လက်ခံပြီးတော့…လက်ခံတယ် ဆိုတာပေါ့နော်၊ သူပြောတာကို လက်ခံ မှတ်ယူထားတယ်ပေါ့။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ UDP ပါတီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ပါတီဥက္ကဋ္ဌ ဦးသိန်းတင်အောင်ပါ သုံးဦးလာရောက်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဦးဝင်းထိန်နဲ့ ဦးအုန်းကြိုင်တို့ တက်ရောက်ခဲ့ပါတယ်။ အဓိက ဆွေးနွေးတာကတော့ UDP ပါတီရဲ့ ဆောင်ရွက်ချက် စီးပွားရေး ပိတ်ဆို့မှုကိစ္စနဲ့ ပတ်သက်ပြီး အမြင်များကို ဆွေးနွေးတာ ဖြစ်ပါတယ်။
ဦးသိန်းတင်အောင်နဲ့ RFA မှ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |