ရေဘေးသင့်မြန်မာပြည်သူတွေအတွက် နော်ဝေသံရုံး ဒေါ်လာငါးသိန်း ကူညီ

ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ငါးသိန်း ကို ကနဦးအနေနဲ့ ထောက်ပံ့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့နယ် ဆင်သေကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့က တွေ့ရစဉ်။ Photo: AFP

မြန်မာနိုင်ငံမှာလတ်တလောကြုံတွေ့နေရတဲ့ ရေကြီးရေလျှံမှုတွေကြောင့် အသက်၊ အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးရတာတွေအတွက် လွန်စွာဝမ်းနည်းကြေကွဲရကြောင်းနဲ့ ရေဘေးသင့်ပြည်သူတွေနဲ့အတူ ရပ်တည်လျက်ရှိနေကြောင်း ရန်ကုန် နော်ဝေနိုင်ငံသံရုံးက စက်တင်ဘာ ၁၇ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပါတယ်။

နော်ဝေနိုင်ငံက ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) နဲ့ ပူးပေါင်းပြီး ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ငါးသိန်း ကို ကနဦးအနေနဲ့ ထောက်ပံ့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီအထောက်အပံ့တွေထဲမှာ အမိုးအကာ၊ အစားအစာ၊ ရေသန့်၊ အခြေခံဆေးဝါးတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

နော်ဝေကြက်ခြေနီအသင်းနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကတစ်ဆင့် အသုံးအဆောင်ပစ္စည်းတွေ၊ ကျန်းမာ‌ရေးအတွက် ငွေသားနဲ့ အစားအသောက် ပါဆယ်ထုတ်တွေကို ဖြန့်ဝေပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။ နော်ဝေနိုင်ငံဟာ မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းကာ ရေဘေးသင့်ပြည်သူတွေရဲ့လိုအပ်ချက်တွေကို လေ့လာဆန်းစစ်ပြီး အကူအညီတွေ အမြန်ဆုံးရောက်ရှိအောင် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org