ပင်လယ်ထဲ မျောပါသွားတဲ့ ကျားဖောင်လုပ်သား ၁၂ ဦးကို ကယ်ခဲ့ကြောင်း စစ်ကောင်စီပြော

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့နယ်ကနေ ရေမိုင် ၂၅ မိုင်ခန့်အကွာနေရာကနေ နိုဝင်ဘာ ၉ ရက်နေ့က ကယ်ဆယ်ခဲ့တာလို့ ဆိုပါတယ်။

ပင်လယ်ပြင်တွင် ငါးဖမ်းရန် ပိုက်ချနေသည့် ကျားဖောင်တချို့အား ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။ Photo: RFA

မြန်မာ့ပင်လယ်ပြင်မှာ ရေထဲမျောပါနေတဲ့ ကျားဖောင်လုပ်သား ၁၂ ဦးကို ကယ်ခဲ့ကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၁ဝ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့နယ်ကနေ ရေမိုင် ၂၅ မိုင်ခန့်အကွာနေရာကနေ နိုဝင်ဘာ ၉ ရက်နေ့က ကယ်ဆယ်ခဲ့တာလို့ စစ်ကောင်စီက ပြောပါတယ်။

အဲဒီရေလုပ်သားတွေဟာ ဖျာပုံမြစ်ဝနဲ့ ရေမိုင် ၁၀ မိုင်ခန့်အကွာမှာ ကျားဖောင်လုပ်ငန်းလုပ်နေချိန် နိုဝင်ဘာ ၆ ရက်နေ့ညက ရာသီဥတုဆိုးရွားခဲ့တာကြောင့် ကျားဖောင်တွေ ပျက်စီးပြီး ပင်လယ်ထဲမျောပါသွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီသူတွေကို ငါးဖမ်းရေယာဉ်က တွေ့ရှိကယ်ဆယ်ခဲ့ပြီးနောက် စစ်ကောင်စီ ရေယာဉ်က သွားရောက် ခေါ်ဆောင်ပြီး ကျန်းမာရေးစစ်ဆေးပေးခဲ့တာဖြစ်ကြောင်း စစ်ကောင်စီက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ပင်လယ်ပြင်အတွင်းမှာ မျောပါသွားတဲ့ မြန်မာရေလုပ်သားသုံးဦးကို ဗီယက်နမ်နိုင်ငံအလံတင် သင်္ဘောက တွေ့ရှိကယ်ဆယ်ခဲ့ပြီးနောက် စစ်ကောင်စီ ရေတပ်ကို လွှဲပြောင်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org