FDI နည်းဥပဒေ အတည်ပြု
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ကို ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်နှစ်ရပ်က ဒီကနေ့ အဆိုတင်သွင်းကြရာမှာ အမျိုးသား လွှတ်တော်ရဲ့အဆိုကို ထောက်ခံမဲအများဆုံးနဲ့ အတည်ပြု ခဲ့ပါတယ်။
-
2013-03-18 -
-
-
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်နှစ်ရပ်က ဒီကနေ့ အဆိုတင်သွင်းကြရာမှာ အမျိုးသားလွှတ်တော်ရဲ့အဆိုကို ထောက်ခံမဲအများဆုံးနဲ့ အတည်ပြုခဲ့ပါတယ်။
ကန့်သတ်ထားတဲ့လုပ်ငန်းတွေမှာ နိုင်ငံခြားသားဖက်က ရင်းနှီးမြှုပ်နှံမယ်ဆိုရင် နိုင်ငံခြားသား ၈၀ ရာခိုင်နှုန်းနဲ့ ပြည်တွင်းလုပ်ငန်းရှင်ဖက်က ၂၀ ရာခိုင်နှုန်း ထည့်ဝင်လုပ်ဆောင်ရမယ်ဆိုပြီး အမျိုးသားလွှတ်တော်က တင်သွင်းခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဖက်ကတော့ နိုင်ငံခြားသား ၄၉ ရာခိုင်နှုန်း၊ ပြည်တွင်းလုပ်ငန်းရှင် ၅၁ ရာခိုင်နှုန်းဆိုပြီး တင်သွင်းခဲ့တာပါ။
အဲဒီလို အဆိုနှစ်ခုမှာ အမျိုးသားလွှတ်တော်ဖက်ကအဆိုကို ထောက်ခံအတည်ပြုခဲ့တာပါ။
နည်းဥပဒေ အတည်ပြုပြီးသွားရင် မြန်မာနိုင်ငံက အသေးစား၊ အလတ်စား နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
ထိုနည်းတူ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စိတ်ဝင်စားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများအပြား လာရောက်လုပ်ကိုင်နိုင်မယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။