ပဲခူးတိုင်း အနောက်ခြမ်း လယ်သမားအထောက်အကူပြု ကွန်ယက်ဖွဲ့စည်း

ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့နယ်မှာ လယ်သမားသမဂ္ဂ ပေါ်ပေါက်ရေး ကြိုးပမ်းမှု အဖြစ် ဒေသတွင်း လယ်သမားများ အထောက်အကူပြု ကွန်ယက်တခုကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။

စပါးခင်းတစ်ခုတွင် စိုက်ပျိုးနေသော လယ်သမားများ ကို တွေ့ရပုံ။

လယ်ယာမြေ ဖျက်သိမ်းခံရတာ၊ ရေလွှမ်းမိုးမှုကြောင့် လယ်ယာတွေ ရေနစ်မြုပ်တာ၊ စိုက်စရိတ် ချေးငွေတွေ အချိန်မှီ မရတာတွေကို နိုင်ငံတော် အဆင့်ဆင့် အထိ တင်ပြ တောင်းဆိုခဲ့ပေမဲ့ အခုချိန်အထိ တာဝန်ရှိသူတွေက ထိရောက်စွာ အရေးယူပေးတာ မရှိတဲ့အတွက် လယ်သမားများ အထောက်အကူပြု ကွန်ယက်ကို ၂၀၁၂ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ မှာ ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်မှာ ဖွဲ့စည်းရတာ ဖြစ်တယ်လို့ ကွန်ယက်အဖွဲ့တာဝန်ခံ လယ်သမား ကိုအုန်းဟန်က RFA ကို ပြောပါတယ်။

ဒီနေ့ပြုလုပ်ခဲ့တဲ့ လယ်သမား အထောက်အကူပြု ကွန်ယက် ဖွဲ့စည်းတဲ့ပွဲကို သဲကုန်းမြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာအုပ်စု ၁၃ စုက လယ်သမား အယောက် ၅၀ ကျော် တက်ရောက်ကြပြီး အများစုဆန္ဒနဲ့ ဖွဲ့လိုက်ကြောင်း ပြောပါတယ်။

အဲဒီဒေသမှာ ပုဂ္ဂလိက လုပ်ငန်းရှင်က အာဏာပိုင်နဲ့ ပေါင်းပြီး အင်းတည်ဆောက်ထားတဲ့ အတွက် အဲဒီကနေ လျှံထွက်တဲ့ရေတွေက ဒေသခံတွေရဲ့ လယ်တွေကိုလွှမ်းလို့ စိုက်ပျိုးရေး ထိခိုက်တာ၊ စစ်တပ်က လယ်သိမ်းထားတာတွေ အတွက် မူလလယ်လုပ်ခွင့် ရထားသူတွေက ဒီကိစ္စ ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ သတင်းပတ်တွေထဲမှာ ဆန္ဒပြ တောင်းဆိုထားပါတယ်။

ဒါပေမယ့် ဆန္ဒပြခေါင်းဆောင်တွေပဲ ခေါ်ယူ သတိပေးခံရပြီး ပြဿနာပြေလည်အောင် မဖြေရှင်းပေးသေးဘူးလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org