အပစ်ရပ်ကာလ သုံးပတ်ထပ်တိုး


2019.08.31
govt-army-622.jpg အစိုးရတပ်မတော်သားတချို့ကို ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့က ဂုတ်တွင်းတံတားမှာ တွေ့ရစဉ်
ဓါတ်ပုံ - ကံသာ/ RFA

တပ်မတော်က စစ်တိုင်းဌာနချုပ် ငါးခုမှာ အပစ်ရပ်ကာလကို လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

ဒေသခံတိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်တဲ့ အဖဲ့ွအစည်းတွေအားလုံးအနေနဲ့ ယုံကြည်မှုအပြည့်နဲ့ လုပ်ငန်းစဉ်မှာ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ NRPC နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အခြေအနေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ အချက် သုံးချက်အပေါ်မူတည်ပြီး တပ်မတော်ဘက်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို စက်တင်ဘာ ၂၁ ရက်နေ့အထိ ရပ်ဆိုင်းလိုက်တာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

ရခိုင်ပြည်နယ်ကလွဲပြီး ရှမ်းနဲ့ ကချင်က စစ်တိုင်း ငါးခုမှာ တပ်မတော်ဘက်က အပစ်ရပ်ကာလ သတ်မှတ်တာ အခုဆိုရင် သုံးကြိမ်ရှိပြီဖြစ်ပါတယ်။

ခါတိုင်း အပစ်ရပ်ကာလသတ်မှတ်ချက်က လနဲ့ချီကြာပေမယ့် ဒီတစ်ကြိမ်မှာ ရက်သတ္တပတ် သုံးပတ်သာ ကြာမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။