၄၆ နှစ်အတွင်း ပြည်ပကို ဆန်အများဆုံး တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မြန်မာ ဝန်ကြီးပြောကြား

မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၉ လ အတွင်း ပြည်ပကို ဆန်နဲ့ ဆန်ထွက် ပစ္စည်း တန်ချိန် ၁ သန်း ၁ သိန်း တင်ပို့နိုင်ခဲ့ကြောင်းနဲ့ ဒါဟာ ပြီးခဲ့တဲ့ ၄၆ နှစ်ကြာကာလအတွင်း ပြည်ပကို ဆန်တန်ချိန် ပမာဏ အများဆုံး ရောင်းချနိုင်ခဲ့တာ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်က နေပြည်တော်မှာ ကျင်းပတဲ့ ဆန်ဝယ်ယူရေးနဲ့ ဆန်စပါးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးမှာ ပြောကြား ခဲ့တယ်လို့ မြန်မာပြည်က စနေနေ့ ရောက်ရှိလာတဲ့ သတင်းတွေမှာဖေါ်ပြထားပါတယ်။

ဒီအတောအတွင်း ကမ္ဘာပေါ်မှာ ဆန်တင်ပို့မှု အများဆုံးနိုင်ငံတွေအဖြစ် ထိုင်းနိုင်ငံ ဆန်ကုန်သည်ကြီးများ အသင်းရဲ့ သောကြာနေ့ ထုတ်ပြန်ချက်မှာတော့  ပြီးခဲ့တဲ့နှစ်အတွင်း အိန္ဒိယနိုင်ငံက ဆန်တန်ချိန် ၉ သန်းခွဲ၊ ဗီယက်နမ်က ဆန်တန်ချိန် ၈ သန်းနီးပါးနဲ့ သူတို့ထိုင်းနိုင်ငံက ဆန်တန်ချိန် ၇ သန်းနီးပါး နိုင်ငံခြား တိုင်းပြည်တွေကို တင်ပို့ရောင်းချခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org