မြန်မာကို ကုန်သွယ်ရေးအရ ပိတ်ဆို့ဖို့ ဥရောပသမဂ္ဂ စဉ်းစားနေ


2018.10.03
rohingya-refugees-622.JPG ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား ဒေသ၊ ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ အမျိုးသမီးတွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်
REUTERS/Mohammad Ponir Hossain/File Photo

အီးယူ- ဥရောပသမဂ္ဂဟာ ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ကုန်သွယ်ရေးအရ ပိတ်ဆို့အရေးယူဖို့ စဉ်းစားသုံးသပ်နေတယ်လို့ အီးယူတာဝန်ရှိသူ သုံးဦးက ပြောကြားတဲ့အကြောင်း Reuters သတင်းက မနေ့က ဖော်ပြလိုက်ပါတယ်။

အရေးယူပိတ်ဆို့မယ့်အထဲ အမြတ်အစွန်းရှိတဲ့ အထည်လုပ်ငန်းလည်း ပါဝင်မှာဖြစ်ပြီး ဒီအတွက် အလုပ် အကိုင်ထောင်နဲ့ချီ ထိခိုက်မယ့်အလားအလာရှိပါတယ်။ လောလောဆယ်တော့ ချက်ချင်း အကျိုးမသက်ရောက်သေး ဘူးလို့လည်း ဆိုပါတယ်။

ကုန်သွယ်ရေးအရ အရေးယူ ပိတ်ဆို့ရေး- မပိတ်ဆို့ရေးနဲ့ ပတ်သက်လို့ ၆ လကြာ သုံးသပ်တဲ့အကြောင်း၊ လူသားချင်းစာနာမှုနဲ့ ဒီမိုကရေစီရေး သတ်မှတ်ချက်တွေကို မြန်မာနိုင်ငံက ပြည့်မီသွားရင် အီးယူ မူဝါဒကို ပြောင်းလဲနိုင်မယ့်အကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာနယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူ စုစုပေါင်း  ရ ဦးကို အရေးယူထားပေမယ့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါ် ပိတ်ဆို့အရေးယူတာတော့ မရှိသေးပါဘူး။

အီးယူက အရေးယူနိုင်မယ့်အလားအလာနဲ့ ပတ်သက်လို့ မှတ်ချက်တောင်းခံဖို့  မြန်မာအစိုးရပြောခွင့်ရသူ ဦးဇော်ဌေးဆီ Reuters သတင်းဌာနက ဖုန်းဆက်လို့ မရပါဘူး၊ မီဒီယာတွေကို တယ်လီဖုန်းကတဆင့် စကားမပြောတော့ဘဲ နှစ်ပတ်တစ်ကြိမ်လုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာပဲ ပြောကြားမယ်လို့ ပြီးခဲ့တဲ့လမှာ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။