အဆိုတော် အီတိုး ထောင်သုံးနှစ်ချခံရ

2022.08.04
အဆိုတော် အီတိုး ထောင်သုံးနှစ်ချခံရ ထောင်သုံးနှစ်ချမှတ်ခံရသည့် အဆိုတော်အီတိုးကို တွေ့ရစဉ်
Photo: CJ

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အဆိုတော်အီတိုးကို မရမ်းကုန်းမြို့နယ် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ဩဂုတ်လ ၃ ရက် မနေ့က ထောင်သုံးနှစ် ချမှတ်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ်။

"ဟုတ်ပါတယ်။ မနေ့က ဩဂုတ် ၃ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ် ချလိုက်တာပါ။ ကျန်းမာရေးလည်း ကောင်းပုံရပါတယ်။ ကျန်းကျန်းမာမာပုံစံပါပဲ"

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် (၅) ရပ်ကွက်မှာ မြို့ပြ ပြောက်ကျား အဖွဲ့ဝင်တချို့ အဖမ်းခံခဲ့ရပြီးနောက် အဆိုတော် အီတိုးကတော့ အောက်တိုဘာလ ၂၀ ရက်နေ့က မရမ်းကုန်းမြို့နယ်က နေအိမ်မှာ ဆက်လက်အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အဆိုတော် အီတိုးအပါအဝင် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားငါးဦးတို့ကို ဖောက်ခွဲရေး ကိစ္စတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီက ၂၀၂၁ နိုဝင်ဘာလမှာ ထုတ်ပြန်ခဲ့ပေမယ့် မိသားစုဝင်တွေကတော့ ငြင်းဆို ထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။