ငလျင်ကြောင့် သေဆုံးသူ ၃၅၀၀ ကျော်ရှိလာ

RFA Burmese
2025.04.06
ငလျင်ကြောင့် သေဆုံးသူ ၃၅၀၀ ကျော်ရှိလာ မန္တလေးမြို့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်နေသူများအား ဧပြီလ ၅ရက်က တွေ့ရစဉ်။
Myanmar Rescue

နိုင်ငံတစ်ဝန်းမှာ ငလျင်ကြောင့် သေဆုံးသူ ၃၅၁၄ ဦးအထိရှိလာပြီး ဒဏ်ရာရသူ ၄၈၀၉ ဦးရှိကြောင်း စစ်ကောင်စီက ဧပြီလ ၆ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပျောက်ဆုံးနေသူ ၂၁၀ ရှိတယ်လို့ စစ်ကောင်စီကဆိုပါတယ်။

ငလျင်ကြောင့် အပျက်အစီးတွေကြား ပိတ်မိနေသူ ၆၅၃ ဦးကိုတော့ အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေကတော့ လက်ရှိအချိန်အထိ ရှာဖွေကယ်ဆယ်ရေးမလုပ်နိုင်တဲ့နေရာ အများအပြားကျန်ရှိနေသေးတယ်လို့ပြောပါတယ်။

တချိန်တည်းမှာပဲ ငလျင်အပျက်အစီးတွေကြား ကူညီကယ်ဆယ်ရေးတွေဆက်လုပ်ဖို့ စစ်ကောင်စီရဲ့ အကန့်အသတ်တွေ ရှိနေပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ကြိုတင်ခွင့်ပြုချက်တောင်းခံဖို့ နဲ့ သီးခြား လွတ်လပ်စွာလုပ်ကိုင်ခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုထားပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ ငလျင်ကြောင့် အရေးပေါ်အကူအညီလိုအပ်နေသူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ အမြန်ဆုံးရောက်နိုင်ဖို့ လွတ်လွတ်လပ်လပ်ခွင့်ပြုပေးဖို့ စစ်ကောင်စီကို တိုက်တွန်းနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။