ဒေါက်တာဇော်မြင့်မောင် အကျဉ်းထောင်ထဲမှာ တုပ်ကွေးရောဂါ ခံစားနေရ

2021.11.04
ဒေါက်တာဇော်မြင့်မောင် အကျဉ်းထောင်ထဲမှာ တုပ်ကွေးရောဂါ ခံစားနေရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကို တွေ့ရစဥ်
Photo: RFA

မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ဟာ အခုရက်ပိုင်းတွေအတွင်း တုပ်ကွေးရောဂါခံစားနေရတယ်လို့ အကျိုးဆောင်ရှေ့နေတစ်ဦး ဖြစ်တဲ့ ဦးသိန်းသန်းဦး က RFA ကို ဒီနေ့ပြောပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ စိုးရိမ်စရာအခြအနေမရှိဘူးလို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

"ထောင်က မိုးမိတာတို့ မိုးယိုတာတို့ မဟုတ်ဘူးဗျ၊ တုပ်ကွေးဖြစ်တာ၊ တုပ်ကွေးဒဏ်ခံရတာ၊ နိုဝင်ဘာ သုံးရက်နေ့က တရားခွင်က ပြန်သွားတဲ့အထိတာ့ ကောင်းကောင်းမွန်မွန်ပါပဲ။ ကိုဗစ်ကလည်းဖြစ်ထားတာ ရက် ၉၀ မကျော်သေးဘူးဆိုတော့ အားနည်းနေတာပါ။ မျက်နှာကတော့ ကြည်ကြည်လင်လင်ပဲ တွေ့ခဲ့ရပါတယ်”

ဒေါက်တာ ဇော်မြင့်မောင်ဟာ မူလကပင် သွေးကင်ဆာဝေဒနာသည်တစ်ဦးဖြစ်သလို မကြာသေးခင်ကလည်း ထောင်တွင်းမှာ ကိုဗစ်ကူးစက်ခံရတာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့ရတာပါ။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလက စစ်တပ်ကအာဏာသိမ်းချိန် ဒေါက်တာဇော်မြင့်မောင်ကို စစ်တပ်က ဖမ်းဆီးခဲ့တာပါ။

လက်ရှိမှာ စစ်ကောင်စီက စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ - ၅၀၅(ခ)၊ သဘာဝဘေး အန္တရာယ် စီမမံခန့်ခွဲမှုဥပဒေပုဒ်မ - ၂၅၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ အမှုတွေကို အကျဉ်းထောင် အချုပ်ထဲကနေ ဒေါက်တာဇော်မြင့်မောင် ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။