ဒေါက်တာမျိုးအောင်ရှေ့နေ အဖမ်းခံရ

2021.05.24
ဒေါက်တာမျိုးအောင်ရှေ့နေ အဖမ်းခံရ ရှေ့နေ ဦးသိန်းလှိုင်ထွန်းကို တွေ့ရစဉ်
-
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးမျိုးအောင်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးသိန်းလှိုင်ထွန်းဟာ ဒီနေ့ နေပြည်တော် ရုံးချိန်းအပြီးမှာပဲ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံလိုက်ရပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးအောင်တို့ကို စစ်ဆေးတဲ့ အထူးတရားရုံးကနေ တရားခွင်အပြီး ပြန်ထွက်ချိန်မှာ ဖမ်းခေါ်ထားလိုက်တာလို့  မျက်မြင်ရှေ့နေတွေက ပြောပါတယ်။ 
 
ဦးသိန်းလှိုင်ထွန်း အဖမ်းခံရတာဟာ ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ မပတ်သက်ဘဲ သူ့ကို  ရန်ကုန် ဒဂုံ ဆိပ်ကမ်းမှာ ၅၀၅ (က)နဲ့ စွဲထားတဲ့ အမှုအတွက် ဖမ်းဆီးခံရတာလို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။ 
 
ဒီလို ဖမ်းခံရတာကြောင့် ဦးမျိုးအောင်ရဲ့ အမှုလိုက်ဖို့ ရှေ့နေ အားလျော့သွားတယ်လို့ ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။ 
 
ဦးသိန်းလှိုင်ထွန်းကို ဘာကြောင့် ၅၀၅ (က)နဲ့ တရားစွဲဆိုထားတာလဲ ဆိုတာကိုတော့ RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။