အင်ဒိုနီးရှားက မြန်မာ့အရေးဆွေးနွေးပွဲ RCSS တက်ရောက်ခဲ့

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ထိပ်တန်းသံတမန်တွေရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တက်ရောက်ခဲ့တယ်လို့ RCSS က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အောက်တိုဘာ (၈) ရက်နေ့က ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် နိုင်ငံတကာ ထိပ်တန်းသံတမန်တွေ၏ မြန်မာ့အရေး ဆွေးနွေးပွဲအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ Tai Freedom - Shan Version Photo

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ထိပ်တန်းသံတမန်တွေရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တက်ရောက်ခဲ့တယ်လို့ RCSS က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အောက်တိုဘာ (၈) ရက်နေ့က ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အောက်တိုဘာ ၃ ရက်ကနေ ၅ ရက်အထိ ပြုလုပ်ခဲ့တဲ့ ဒီမြန်မာ့အရေး ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအစုအဖွဲ့တွေလည်း တက်ရောက်ခဲ့တယ်လို့ RCSS က ဖော်ပြပါတယ်။

အစည်းအဝေးမှာ ဘယ်လိုအကြောင်းအရာ ဆွေး‌နွေးသွားတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

ဒီအစည်းအဝေးကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံနဲ့ အင်ဒိုနီးရှားက ကိုယ်စားလှယ်တွေနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာအတိုက်အခံ အင်အားစုတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီအစည်းအ‌ဝေးနဲ့ ပတ်သက်ပြီး RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံနဲ့ ဒုတိယဗိုလ်မှူးကြီး အုမ်‌ခေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။
RCSS ဟာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org