သြင်္ကန်မိုး ဖန်တီးရှင် ဒါရိုက်တာ မောင်တင်ဦး ကွယ်လွန်
2015.08.24

Photo: Nay Thwae/RFA
သြင်္ကန်မိုးအပါအဝင် ဂန္တဝင်မြောက်ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးရိုက်ကူးခဲ့တဲ့ အကယ်ဒမီဆု ငါးဆုရှင် ဒါရိုက်တာ မောင်တင်ဦး အသက် (၇၅) နှစ်ဟာ ဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ် ပါတယ်။ အသည်းခြောက်ရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး လာမယ့် သြဂုတ်လ ၂၇ ရက်နေ့မှာ မန္တလေးက တောင် အင်းမြောက်အင်းသုဿန်မှာ သဂြႌုလ်မှာဖြစ်တယ်လို့ ဒါရိုက်တာမောင်တင်ဦးရဲ့ ဇနီး ဒေါ်တင်တင်အေးက ပြောပါတယ်။
"မနက် ၉ နာရီကပါ၊ အသည်းခြောက်တဲ့ရောဂါနဲ့ပါ၊ ၂၇ ရက်နေ့ ညနေ ၃ နာရီ တောင်အင်းမြောက်အင်းသုဿန်မှာ သဂြႌုလ်မှာပါ"
သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတွေထဲက ပန်းမြိုင်လယ်ကဥယျာဉ်မှူး၊ နှလုံးသားမြို့တော်၊ ဒဏ္ဍာရီ၊ တို့နှစ်ယောက်နဲ့ မိငြိမ်းချမ်း အစရှိတဲ့ ရုပ်ရှင်ကားတွေဟာ လူကြိုက်များပြီး သြင်္ကန်မိုးကတော့ ဆယ်စုနှစ်ပေါင်းများစွာတိုင် ကျော် ကြားနေဆဲဖြစ်ပါတယ်။