Mr. Mitchell ဟာ နေပြည်တော်က အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဖို့ ရှိပြီး၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိ၊ မရှိ အတည်မပြုနိုင်သေးပါဘူး။ သူဟာ မနက်ဖြန်မှာ မြန်မာနိုင်ငံက ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။ Mr. Mitchell ဟာ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး၊ တိုင်းရင်းသားတွေ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးရေး၊ တိုင်ရင်းသားတွေ အပေါ် အကြမ်းဖက်မှု ရပ်တံ့ရေး စတဲ့ ကိစ္စရပ်တွေ အကောင်အထည် ပေါ်လာအောင် တိုက်တွန်း ပြောဆိုဖို့ အခုလို မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ပထမဆုံး အကြိမ် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နောက်ထပ်လည်း အကြိမ်ကြိမ် လာရောက်ဖို့ စီစဉ်ထားကြောင်း အမေရိကန် သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
အမေရိကန် အထူးကိုယ်စားလှယ် ဒုတိယအကြိမ် မြန်မာနိုင်ငံ ရောက်ရှိ
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell ဟာ ဒုတိယ အကြိမ်မြောက် ခရီးစဉ် အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က RFA ကို အတည်ပြု ပြောဆိုပါတယ်။
