အမေရိကန်ကိုယ်စားလှယ်တွေနဲ့ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ ဆွေးနွေး
2011.11.04

AFP PHOTO/Soe Than WIN
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး (မိုက်ကယ် ပေါ့စ်နာ)နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရ အထူး ကိုယ်စားလှယ် (ဒဲရက် မစ်ချဲလ်)တို့ဟာ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေကို ဒီကနေ့ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆိုခဲ့ပါတယ်။
“မြန်မာနိုင်ငံ တိုးတက်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဆွေးနွေးတာပါ။ ဒီမိုကရေစီနဲ့ ပတ်သက်လို့ တချို့တိုးတက်မှုတွေ ရှိသလို လိုအပ်သလောက်လည်း မရှိသေးဘူး ဆိုတာတော့ ဒါလည်း အမြဲ ပြောလာတဲ့ ကိစ္စ”
အမေရိကန် ကိုယ်စားလှယ်တွေရဲ့ မြန်မာပြည် ခရီးစဉ်ဟာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ ပြဿနာနဲ့ မြန်မာအစိုးရရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို လေ့လာဖို့ ဖြစ်တယ်လို့ အမေရိကန် အစိုးရက သတင်းထုတ်ပြန် ခဲ့ပါတယ်။
အမေရိကန် ကိုယ်စားလှယ်တွေနဲ့ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ တွေ့ဆုံရာမှာလည်း အမေရိကန် ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စ အမြန်ဆုံး ပေါ်ပေါက်လာအောင် သူတို့အနေနဲ့ မြန်အစိုးရကို တိုက်တွန်း ဆွေးနွေးခဲ့တယ်လို့ ရှင်းပြခဲ့ကြောင်း NLD ပါတီ ဒုဥက္က္ကဋ္ဌ ဦးတင်ဦးက ဆိုပါတယ်။
အမေရိကန်ရဲ့ ထိတွေ့ ဆက်ဆံရေးမူဝါဒအရ အမေရိကန် ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာအစိုးရနဲ့ နောက်ထပ် ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်လို့လည်း သိရပါတယ်။
ဦးတင်ဦး နဲ့ ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို နားဆင်ပါ။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |