ဒု နိုင်ငံခြားရေးဝန်ကြီး ဘင်္ဂလားဒေ့ရှ် ကို ရောက်ရှိ

အစိုးရ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့် ဟာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ ကို ရောက်ရှိခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ် မတိုင်ခင် ဒု နိုင်ငံခြားရေးဝန်ကြီး က ကြိုတင်လာရောက်ပြီး သမ္မတ ရဲ့ ခရီးစဉ်အတွင်း ဆွေးနွေး ပြောဆိုကြမယ့် ကိစ္စတွေကို ညှိနှိုင်း အတည်ပြုမှာ ဖြစ်ကြောင်း The Daily Star ဘင်္ဂလားဒေ့ရှ် သတင်းစာက ဖေါ်ပြပါတယ်။


ဒု ဝန်ကြီး ဦးမောင်မြင့်ဟာ ဒီကနေ့ မနက်ပိုင်းမှာ  ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဒီပူမိုနီ ရဲ့ရုံးမှာ နှစ်နိုင်ငံ ဆိုင်ရာ ကိစ္စတွေ ဆွေးနွေးခဲ့ကြရာမှာ ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာ၊ စွမ်းအင်၊ စိုက်ပျိုးရေး၊  ပညာရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း နဲ့ နှစ်နိုင်ငံ ကုန်းလမ်း၊ လေကြောင်းလမ်း ထူထောင်ရေး ကိစ္စတွေ အဓိက ဆွေးနွေးဖွယ် ရှိတယ်လို့ ဆိုပါတယ်။


ဒါပေမဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း နှစ်နိုင်ငံ ဟာ အရင်ကလည်း ဒီလို ကိစ္စမျိုးတွေ ဆွေးနွေးပြီး သဘော တူညီချက်တွေ ချမှတ်ခဲ့ကြပေမဲ့၊ အများစုက စာရွက်ပေါ်မှာသာ ရှိပြီး လက်တွေ့ အကောင်အထည် ဖေါ်တာ မရှိသလောက် ဖြစ်ကြောင်း The Daily Star က ရေးသားပါတယ်။


ဒါ့ပြင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ ကလည်း သိပ်ကြီးကြီးမားမား မရှိလှဘူးလို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org