ဒီပဲယင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ
2014.05.30

ဒီကနေ့ ကျရောက်တဲ့ ဒီပဲယင်းအရေးအခင်း ၁၁ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီပဲယင်းမြို့ကျည်ရွာက ကျောင်းကြီး ဘုန်းကြီးကျောင်း မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေစုပေါင်း ပြီး သေဆုံးသွားကြသူတွေအတွက် ဆွမ်းကပ်လှူဒါန်းခဲ့ ကြပါတယ်။
အဲ့ဒီစည်းရုံးရေးခရီးစဉ်မှာ ပါဝင်ခဲ့ပြီး ဒီပဲယင်း အရေး အခင်းမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဦးဝင်းအောင် က သူကြုံတွေ့ခဲ့တာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
"ကျနော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်ထိလက်ရောက်မလုပ်လောက်ဘူးထင်လို့ စိတ်ထဲကအလိုလိုနေရင်း အဲ့လိုဖြစ်နေတာပေါ့၊ မလုပ်လောက်ဘူးထင်တယ် ဒါပေမဲ့လို့ တခု ခုကြောင့် ဖြစ်မလားလို့ ကျနော်တို့ စောင့် ကြည့်နေတာ အဲ့အချိန်မှာ သူတို့က ဒေါ်အောင် ဆန်းစုကြည်ကို စောင့်ကြည့်တယ် ကြည့်ပြီးတော့ မှ ကားကိုရိုက်ကြတယ်ဗျ၊ ကားကိုစရိုက်တဲ့အချိန် မှာပဲ ကာကထွက်သွားတယ်၊ ကားထွက်သွားတဲ့ အချိန် အမှောင်ထဲကနေ ဒေါ်စုကားပေါ်မှာ အမြဲတမ်း လိုက်နေတဲ့ လူငယ်တွေက ကားပေါ် အပြေး အလွှားတက်သွားကြတယ်၊ တက်ပြီးကားကလည်းထွက်သွာပါတယ်၊ ထွက်သွားတော့ ကျနော်တို့ ကလည်းအောက်မေ့တယ်ပေါ့ ဒေါ်စုကလည်း လွတ်သွားပြီပေါ့၊ အဲ့လိုပဲ အောက်မေ့လိုက်တယ်ပေါ့ ကျနော်တို့လည်း အမှောင်ထဲမှာ ကျန်နေခဲ့တယ်ပေါ့ ၊ ကျနော်နဲ့နှစ်ယောက်တည်း အန်ကယ် ဦးတင်ဦးနဲ့ တွေ့ကြတာပေါ့နော် အန်ကယ် ထော့နဲ့ထော့နဲ့ဖြစ်နေတာ ကျနော်ခြေထောက်နာလို့ပါ ကြည့်တော့ အန်ကယ် ဖိနပ်မပါဘူး၊ သူ့ခြေထောက်မှာ ဒဏ်ရာတွေနဲ့ဗျ၊ ဖိနပ်လည်း စီးလို့ရမဲ့ပုံ မပေါ်ဘူး၊ အဲ့ဒီထော့နဲ့ထော့နဲ့ကို ကျနော်ကိုတွဲတယ်၊ အန်ကယ်က အတွဲမခံဘူး မတွဲပါနဲ့ဆိုတော့ ကျနော်က ရတယ်ဗျဆိုပြီးတော့ ဒီလိုနဲ့ ထော့နဲ့ထော့နဲ့နဲ့အတူ ကျနော်တို့ ၄ ယောက်သားပေါ့နော် ကျနော်တို့ မီးရောင်မြင်တဲ့ ဒီပဲယင်းဘက်ကို ထင်တဲ့အတိုင်းလျှောက်ခဲ့တယ်"
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေဟာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်းမြို့ကျည်ရွာအနီးရောက်ရှိစဉ် လူအုပ်စုရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ပြီး အတော်များများ ဒဏ်ရာရခဲ့သလို သေဆုံးသူတွေ ရှိခဲ့ပါတယ်။
ဒီနေ့အခမ်းအနားကို ရေဦး၊ ခင်ဦး၊ ဒီပဲယင်းမြို့က အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် ပါတီဝင်တွေ တက်ရောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့အတွက်လည်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။