ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ကာကွယ်ရေးဒုဝန်ကြီးကို စစ်ကောင်စီ အနားပေး

RFA Burmese
2024.05.29
ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ကာကွယ်ရေးဒုဝန်ကြီးကို စစ်ကောင်စီ အနားပေး ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း။
Myanmar Military

စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းနေရာမှာ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကိုလေး ကို အစားထိုး ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီက မေလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ဗိုလ်ချုပ်အောင်လင်းထွန်းကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့ပြီး အဲဒီလို ဖမ်းဆီးစစ်ဆေးခဲ့တာဟာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖျန့်) ကိစ္စတွေနဲ့ ဆက်စပ်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာပါ။

ဗိုလ်ချုပ်အောင်လင်းထွန်းဟာ စစ်တပ်အာဏာသိမ်းပြီး သုံးလခန့်အကြာမှာ ကာကွယ်ရေးဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရသူဖြစ်ပြီး အရင်က တပ်မ ၂၂ တပ်မမှူးနဲ့ ဒုစစ်ထောက်ချုပ်ရာထူးတွေနဲ့ တာဝန်ထမ်းခဲ့သူ ဖြစ်ပါတယ်။

ကာကွယ်ရေးဒုဝန်ကြီး ဖြစ်လာပြီးနောက်မှာတော့ သူ့ကို အရပ်သားတွေကို နှိပ်စက်သတ်ဖြတ်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ဆွစ်ဇာလန်နိုင်ငံက ၂၀၂၁ ခုနှစ်ထဲမှာပဲ ဒဏ်ခတ်အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။

ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ဗိုလ်ချုပ်အောင်လင်းထွန်းကို စစ်ကောင်စီက အခု မေလထဲမှာပဲ ထောင်ဆယ်နှစ် ချလိုက်တယ်လို့ သတင်းတွေထွက်နေပေမဲ့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီထိပ်တန်းအရာရှိတွေရဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်မှု၊ အဂတိလိုက်စားမှုကိစ္စတွေ အပါအဝင် အမေရိကန်ဒေါ်လာကိစ္စ၊ ပို့ကုန်သွင်းကုန်ကိစ္စတွေကြောင့် တာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို အရေးယူရတဲ့အထိ လူသိရှင်ကြား ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။