ပြည်သူ့ဂုဏ်ရည် ဆု ဒေါ်သန်းမြင့်အောင် ရရှိ

လူမှှုရေးလုပ်ငန်းတွေကို နှစ်ရှည်လများ တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့တဲ့ စာရေးဆရာမသန်းမြင့်အောင်ကို ပဉ္စမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် မနေ့ က ရွေးချယ်ဂုဏ်ပြုလိုက်ပါတယ်။

ဆရာမ ဒေါ်သန်းမြင့်အောင်ကို IBC မှာပြုလုပ်တဲ့ ဟောပြောပွဲ တခုမှာ တွေ့ရစဉ်

လူမှှုရေးလုပ်ငန်းတွေကို နှစ်ရှည်လများ တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့တဲ့ စာရေးဆရာမသန်းမြင့်အောင်ကို  ပဉ္စမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် မနေ့ က ရွေးချယ်ဂုဏ်ပြုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်  West Palm Beach  မြို့မှာ မနေ့က ကျင်းပတဲ့ အခမ်းအနားမှာ ချီးမြှင့်လိုက်တာပါ၊ အထူးဆုတွေကိုတော့  လူတဦး တလ တထောင်စုပြီး လူမှုရေး အကူအညီတွေပေးနေတဲ့ One More လှှုပ်ရှားမှှု၊ အမုန်းတရားတွေတားဆီးရေးလှှုပ်ရှား တဲ့ ပန်းစကားအဖွဲ့နဲ့ တကိုယ်တော် ပရဟိတသမားများ ကွန်ယက်ထူထောင်သူ မခင်နှင်းကြည်သာ တို့က ဆွတ်ခူး ရရှိသွားပါတယ်။ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ဆုဆွတ်ခူးရရှိသူတွေကို ဇွန်လ ၁ ရက်နေ့မှာ ဆုချီးမြှင့်ပါမယ်၊ ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ပုံ ရွေးချယ် နည်းကို ကယ်လီဖိုနီးယားပြည်နယ်၊ လော့အိန်ဂျလိစ် ဌာနခွဲက  ဦးကိုလေးက ပြောပြပါတယ်။

"ပြည်သူ့ဂုဏ်ရည်ဌာနခွဲတွေအားလုံးကို ပဏာမရွေးချယ်တဲ့ စာရင်းကိုပို့ပြီး အဲ့ဒီကပဲ ရွေးပြီးပို့လာတဲ့ ဌာနခွဲ အသီးသီးက ရလာတဲ့ ဆန္ဒပြုတဲ့ ပုဂ္ဂိုလ်ကို ပြီးခဲ့တဲ့လကပေါ့နော် အားလုံးဆုံပြီးတော့ ရွေးချယ်လိုက်တာပါ ၊ကျနော်တို့ ရွေးချယ်ပြီးသွားပါပြီ၊ဒီပုဂ္ဂိုလ်တွေဆုက တနှစ်ကို တဦး သို့မဟုတ် တဖွဲ့ချီးမြှင့်ပါတယ်၊ ၂ဝ၁၃ ခုနှစ်ကစပြီး ဆုတမျိုးဖန်တီးလိုက်ပါတယ်၊တချို့ဆိုလို့ရှိရင်လည်း တနိုင်တပိုင်လေး လုပ်နေကြရတာ ရှိပါတယ် ဒါပေမဲ့လို့ ပြည်သူတွေအနေနဲ့ သိသင့်တယ်၊ မီးမောင်းထိုးပြသင့်တယ်ထင်တဲ့ အဲ့လိုပုဂ္ဂိုလ်တွေ၊အဖွဲ့အစည်း မျိုးတွေကိုလည်း ကျနော်တို့ ဖော်ထုတ်ချင်တဲ့ ဆန္ဒရှိတယ် အဲ့ဒါကြောင့် ကျနော်တို့ ၂ဝ၁၃ ခုနှစ်က စပြီး ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်ဆုကို ကျနော်တို့စပြီးတော့ချီးမြှင့်ခဲ့တာပါ"

ပြည်သူ့ဂုဏ်ရည်ဆုရှင်တွေကို အရင်က ကွန်ပျူတာအွန်လိုင်းကနေ ဆန်ကာတင်ရွေးချယ်ခဲ့ပြီး မနှစ်ကစလို့ ဆုရွေးချယ် တဲ့ စနစ်ပြောင်းခဲ့တာပါ။ ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို ဆုတံဆိပ်နဲ့ အမေရိကန်ဒေါ်လာ တသောင်းချီးမြျင့်ပြီး အထူးဆု ရှင်တွေကို ဆုတံဆိပ်နဲ့ ဒေါ်လာ တထောင်စီချီးမြှင့်ပါမယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org