ဒေါ်အောင်ဆန်းစုကြည် တာချီလိတ်မှာ ဟောပြော


2015.10.21
dassk-tachileik-trip-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာလ ၂၁ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် မြို့ တွင် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောနေစဉ်
Photo: Kyaw Zaw Win/ RFA

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၁၁ နာရီက ရှမ်းပြည်နယ် တာချီလိတ် မြို့ကို ရောက်ရှိပြီး နေ့လည် ၃ နာရီမှာ ဟောပြောပွဲကျင်းပပါတယ်။

အဲဒီဟောပြောပွဲမှာ နိုင်ငံခြားရောက် မြန်မာတွေရဲ့ဘဝ၊ အသက်မွေးဝမ်းကျောင်းပညာ အရေးကြီးပုံ၊ မြန်မာလူထု ရဲ့အားနည်းချက်နဲ့ ရွေးကောက်ပွဲ အရေးကြီးပုံတွေကို ဟောပြောခဲ့ပါတယ်။

ဒီပွဲကို လူသုံးထောင် တက်ရောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ကျိုင်းတုံမြို့ကို သွားရောက်ပါ လိမ့်မယ်။

ဒီအကြောင်း RFA အဖွဲ့သား ဦးခင်မောင်စိုး တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။