ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံပွဲ ပျက်သွား


2014.11.27
military-parliament-305 လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တချို့ကို တွေ့ရစဉ်
AFP

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇၀ ဦးတို့ ဒီနေ့ တွေ့ဆုံဖို့စီစဉ်ခဲ့ရာမှာ ပျက်သွားခဲ့ ပါတယ်။

NLD ဘက်က ဖိတ်ကြားတာ ရက်ကပ်သွားတဲ့အတွက် မတက်ရောက်နိုင်တာဖြစ်ကြောင်း အကြောင်းပြန်ထား ပြီဖြစ်တယ်လို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တစ်ဦးက ပြောပါတယ်။

"မအားလို့ပါ၊ သူတို့ကို မနက်က အကြောင်းတော့ ပြန်ပေးထားတယ်၊ ဖိတ်စာကလည်း နည်းနည်းလေးကပ်သွားတယ်လေ"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က တပ်မတော်သားလွှတ်တော် ကိုယ်စား လှယ်တွေကို ထပ်မံဖိတ်ကြားမှာဖြစ်ကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဘာဖြစ်လို့ဖိတ်လဲဆိုတာက ကျမတို့ကိုယ်စားလှယ်တွေက ခင်ခင်မင်မင်နဲ့ အချင်းချင်းပေါ့နော်၊ သူတို့အချင်းချင်းလည်း ခင်မင်တာတွေရှိတော့ ဖိတ်ချင်တယ်ဆိုတော့ ကျမအနေနဲ့လည်း ဖိတ်ချင်တယ်၊ ဒါလည်းကောင်းတာပေါ့၊ လာနိုင်ရင်လည်းကောင်းတာပေါ့၊ ဖိတ်ချင်တဲ့ဆန္ဒရှိရင် ဖိတ်ပါဆိုပြီးတော့ ဖိတ်ထားပါတယ်၊ ကျမတို့က ထပ်ဖိတ်ဖို့လည်း ဘာမှဝန်မလေးပါဘူး"

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၇၀ နဲ့ တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ အခုလို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို ဖိတ်ကြားမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မကြာခဏတွေ့ဆုံမှုတွေ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။