ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ခေါ်ယူတွေ့ဆုံ


2015.03.02
dassk-utheinsein-305.jpg နေပြည်တော်၊ သမ္မတအိမ်တော်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ကကျင်းပခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင် ၄၈ ဦး တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ညနေပိုင်းက နေပြည်တော်ရှိ သမ္မတလယ်တောအိမ်ယာမှာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ဆုံမှုနဲ့  ပတ်သက်ပြီး  သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က “နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ညနေ ၆ နာရီ က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ် ။ နှစ်ဦးတည်း တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ လွတ်လပ်ပြီးတရား မျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးတို့နဲ့ ပတ်သက် လို့ ဆွေးနွေးခဲ့ကြောင်း အသိပေးတင်ပြအပ်ပါတယ်” လို့ သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် လေးပွင့် ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည် က တောင်းဆိုခဲ့ပြီးနောက်ပိုင်းမှာ လွှတ်တော်က ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတနဲ့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ၅ ကြိမ်တိုင် တွေ့ဆုံ ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။